'Support to Electoral Processes and Democracy - STEP Democracy'

"ဒီလိုမျိုး သင်တန်းတွေမှာ လူငယ်တွေများများ ဖိတ်ခေါ်တာတွေ လုပ်ပေးစေချင်ပါတယ်"

29 January, 2020

မွန်ပြည်နယ် မော်လမြိုင်မြို့က တက်ကြွတဲ့လူငယ်တစ်ဦးဖြစ်တဲ့ မကြလင်းမွန်ကတော့ ဇန်နဝါရီလ ၂၀-၂၁ ရက်တွေမှာ မော်လမြိုင်မြို့မှာ ပြုလုပ်တဲ့ STEP Democracy - ရှေ့သို့မြန်မာ ရဲ့ ပြည်သူ့နီတိနဲ့ မဲဆန္ဒရှင် အသိပညာပေး သင်တန်းအပြီးမှာ သူဘာတွေ သင်ယူရရှိခဲ့လဲဆိုတာတွေ၊ သူ့ရဲ့အမြင်တွေကို မျှဝေခဲ့ပါတယ်။

ကြည်လင်းမွန်
ကျနော့်နာမည်က ကြည်လင်းမွန်လို့ ခေါ်ပါတယ်။ အခုလက်ရှိမှာတော့ မော်လမြိုင်မှာနေပါတယ်။ အခုလက်ရှိ Rainbow Star မှာ programme team ရဲ့ leadership trainer အဖြစ် တာဝန်ယူထားပါတယ်။

အခုသင်တန်း၂ရက်တာ ကာလမှာ သင်ယူခဲ့ရတာတွေကတော့အများကြီးပဲ အဲဒီထဲက သေချာသိသွားတဲ့အရာက ဒီမိုကရေစီဆိုတာ လူတွေက ကိုယ်တိုင်ပြုလုပ်ရမယ့်အရာဖြစ်တယ်၊ သူများတွေကို လိုက်ပြီးတော့ လုပ်ပေးရမှာမဟုတ်ဘူး၊ ကိုယ်ကိုယ်တိုင်က စပြီးတော့ ပြုပြင်ပြီး လုပ်ရမယ်ဆိုတာကို သိရတယ်။ နောက်ထပ်တစ်ခုက လူ့အခွင့်အရေးအကြောင်းအရာ၊ လူတိုင်းမှာ အခွင့်အရေးဆိုတာရှိတယ် အဲဒီအခွင့်အရေးတွေကို ထိပါးလာရင် ဘယ်လိုပြန်ကာကွယ်ရမလဲဆိုတာမသိခဲ့ဘူး၊ ဒါပေမယ့် ဒီသင်တန်းမှာက အဲဒီအကြောင်းအရာတွေ သေချာပြောပြသွားတယ်။ နောက်ပြီးတော့ မဲပေးတဲ့ အကြောင်းအရာတွေ၊ အရင်တုန်းကဆိုရင် မဲပေးရမှာ ငါနဲ့မဆိုင်ဘူးဆိုသလိုမျိုး ကိုယ်ကိုယ်တိုင်ကပဲ စိတ်ထဲမှာတွေးခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီစနစ်ကို ရဖို့ဆိုရင် ကျနော်တို့ ကိုယ်တိုင်က မဲပေးမှ အဆင်ပြေမယ်၊ ကိုယ်ကိုယ်တိုင် မဲပေးမှ ကိုယ်လိုချင်တဲ့ လူတွေ၊ ကိုယ်လိုချင်တဲ့ အစိုးရတွေ ဖြစ်လာမယ်ဆိုတာကို သိသွားပါတယ်။

ဒီမိုကရေစီနဲ့ ပတ်သက်ပြီးသေချာသိသွားရတာကဆိုရင် ပွင့်လင်းမြင်သာမှုနဲ့ တုန့်ပြန်မှုဆိုတဲ့အရာတွေကို သေချာသိသွားပါတယ်။ ဉပမာ ကိုယ်က ဒီနိုင်ငံရဲ့ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ဒီပတ်ဝန်းကျင်ရဲ့ ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ လွှတ်တော်ထဲမှာပဲ ဖြစ်ဖြစ် ခေါင်းဆောင်ပဲ လုပ်မယ်ဆိုရင် ပြည်သူတွေရဲ့ အသံကို အဓိက နားထောင်ရပါမယ်၊ ပြန်ပြီးတော့ တုန့်ပြန်ပေးရမယ်ပေါ့နော်၊ နောက်ထပ်တချက်ကတော့ ပွင့်လင်းမြင်သာမှုဆိုတာကို သိသွားပါတယ်။

ကိုယ်တိုင်က လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် ဒီလိုမျိုး သင်တန်းတွေဆိုရင် လူငယ်တွေက ပါဝင်တက်ရောက်တာတွေ သိပ်မလုပ်ချင်ကြဘူး၊ ဒါပေမယ့် ဒီမိုကရေစီစနစ်ရဖို့ဆိုတာက ကျနော်တို့ လက်ထဲမှာရှိနေတယ်။ ဒီလိုမျိုး သင်တန်းတွေမှာ လူငယ်တွေများများ ဖိတ်ခေါ်တာတွေ လုပ်ပေးစေချင်ပါတယ်။

ဇန်နဝါရီလ ၂၀ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူနီတိနဲ့ မဲဆန္ဒရှင်အသိပညာပေးသင်တန်းကို STEP Democracy - ရှေ့သို့မြန်မာ ရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Paññā Institute က သင်တန်းဆရာတွေက ပို့ချပေးခဲ့ပါတယ်။