'Support to Electoral Processes and Democracy - STEP Democracy'

နိုင်ငံရေးပါတီများအတွက် လူမှုကွန်ရက်အသုံးပြုခြင်းဆိုင်ရာနှင့် အမုန်းစကားပေါ် ဆွေးနွေးပွဲ STEP Democracy မှ စီစဉ်ပေး

26 November, 2019

ယနေ့ခေတ်အချိန်အခါတွင် လူမှုကွန်ရက်စာမျက်နှာသည် လူထုအကြားတွင် အဆက်အသွယ်ပြုရန်နှင့် သတင်းအချက်အလက်များ မျှဝေရန်အတွက် အသုံးပြုကြသည့် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် သုံးစွဲနေကြသည့် လူမှုကွန်ရက် စာမျက်နှာများထဲတွင် ဖေ့စ်ဘုတ်သည် လူသုံးများ လူသိများသည့် စာမျက်နှာတစ်ခုဖြစ်သည်။ စာရင်းများအရ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ်သုံးစွဲသူပေါင်း ၂၁၇၆၅၀၀၀ ရှိကြောင်းသိရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ် မြန်မာ့ အထွေထွေရွေးကောက်ပွဲတွင် လူမှုကွန်ရက်သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လာဖွယ်ရှိသည်။ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒရှင်များ နှင့် စဉ်ဆက်မပြတ် ချိတ်ဆက်နိုင်ရန်၊ မဲဆွယ်သတင်းစကားများကို ဖြန့်ဝေရန်နှင့် လူထုထောက်ခံမှုကို ရယူနိုင်ရန် အစရှိ သော ရည်ရွယ်ချက်များ ဖြင့် လူမှုကွန်ရက်ကို အသုံးပြုလာကြမည်ဖြစ်သည်။

အသုံးပြုသူ ၂၁ သန်းခန့်ဖြင့် ဖေ့စ်ဘွတ်ခ် သည် မြန်မာနိုင်ငံတွင် အထင်ရှားဆုံးလူမှုကွန်ရက်အဝန်းအဝိုင်းတစ်ခု ဖြစ်လာသည့်အပြင် နိုင်ငံရေးပါတီများကလည်း ယင်းတို့ကို ထောက်ခံသည့် လူထုနှင့် သတင်းအချက်အလက်များ ဝေမျှနိုင်ရန် ဖေ့စ်ဘွတ်ခ်စာမျက်နှာများ ဖွင့်လှစ်၍ တက်ကြွစွာ အသုံးပြုလာကြလျက် ရှိပါသည်။ ဖေ့စ်ဘွတ်ခ်ကို မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ထင်ရှားလူသုံးများမှုကြောင့် ပင် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖေ့စ်ဘွတ်ခ်သည် မဲဆန္ဒရှင်များအတွက် အဓိကကျသော သတင်းအချက်အလက်ရင်းမြစ်တစ်ခု ဖြစ်လာပါ လိမ့်မည်။

ထိုနည်းတူစွာ ဖေ့စ်ဘွတ်ခ်ကို ရွေးကောက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ ဖြန့်ဝေရန် အသုံးပြုကြသော်လည်း သတင်းအချက်အလက်အမှားများ ဖြန့်ဝေရန်၊ အမုန်းစကားများနှင့် ရုန့်ရင်း ကြမ်းတမ်းသော အနိုင်ကျင့်မှုများ၊ အကြမ်းဖက်မှုများ ဖြန့်ဝေရန်အတွက်ပါ အသုံးပြုကြလျက်ရှိသည်။ ရွေးကောက်ပွဲများ၏ အဓိက ဇာတ်ကောင်များဖြစ်သည့် နိုင်ငံရေးပါတီများသည် ယင်းတို့၏ မဲဆွယ်စည်းရုံးမှုများတွင် ဖေ့စ်ဘွတ်ခ်ကို ထိရောက်စွာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ အသုံးပြုနိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာ များ ပြည့်ဝနေရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများမှ သတင်းအချက်အလက်များကို လူမှုမီဒီယာများအပေါ် သတင်းမှားများနှင့်အမုန်းတရားများနှင့် ရင်ဆိုင်နိုင်သည့်နည်းလမ်းများကို စဉ်းစား ဆွေးနွေးရန်အတွက် ဥရောပသမဂ္ဂ (EU ၏ ငွေကြေးထောက်ပံ့မှု ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသာ “ရှေ့သို့မြန်မာ စီမံကိန်း (STEP Democracy) အစီအစဉ်မှတဆင့် DIPD ပါတီများနှင့်ဒီမိုကရက်တစ်အင်စတီကျု (DIPD) မှ ရန်ကုန်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲကို လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများ နှင့် ရန်ကုန်မြို့၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ၊ ၆ ရက်မှ ၈ ရက်ထိ သုံးရက်ကြာ ကျင်းပပြုလုပ်ပေးခဲ့သည်။

ဆွေးနွေးပွဲတွင် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ၏ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအား မဲဆန္ဒရှင်များ နှင့် ထိရောက်စွာ ချိတ်ဆက်နိုင်မည့် နည်းနာများကို ဝေမျှခဲ့သည့်အပြင် အရေးပါသော ခေါင်းစဉ်များဖြစ်သည့် ဒစ်ဂျစ်တယ်လုံခြုံမှု၊ ဖေ့စ်ဘွတ်ခ်၏ လူမှုကွန်ရက်နှုန်းစံများ၊ အမုန်းစကားများအတွက် တိုင်ကြားနိုင်မည့် နည်းလမ်းများ အစရှိသည်တို့ကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 “အခုဆိုရင် ကျမတို့ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီအနေနဲ့ ကမ္ဘာတစ်ဝှမ်း ကျမတို့ ပံ့ပိုးကူညီခဲ့တဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေကို အခြေခံပြီး လာမဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေကြပါပြီ။ မြန်မာနိုင်ငံမှာ ဆိုရင် ကျမတို့ဟာ ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျူ့ (DIPD) နဲ့ STEP Democracy - ရှေ့သို့မြန်မာ လိုအဖွဲ့တွေနဲ့ ပူးပေါင်း ပြီး နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် ဖေ့စ်ဘွတ်ခ်ကို နည်းစနစ်တကျအသုံးပြုနိုင်အောင်၊ မဲဆန္ဒရှင်တွေကို ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် လုံခြုံမှုနဲ့ တာဝန်ခံမှုရှိစွာ ချိတ်ဆက်နိုင်အောင် ပံ့ပိုးကူညီပေးလျက်ရှိပါတယ်” ဟု ဖေ့စ်ဘွတ်ခ်ကုမ္ပဏီမှ ကိုယ်စားလှယ် ရီဘက်ကာအို့က ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး ပြောကြားခဲ့သည်။

ဆွေးနွေးပွဲ၏ ဒုတိယနေ့နှင့် တတိယနေ့များတွင် ဒီအိုင်ပီဒီနှင့် မြန်မာ့ပဉ္စမမဏ္ဍိုင်အဖွဲ့တို့သည် နိုင်ငံရေး ပါတီများအား လူမှုကွန်ရက်ကိုအသုံးပြု၍ မဲဆွယ်စည်းရုံးရေးမဟာဗျူဟာရေးဆွဲခြင်းဆိုင်ရာ အကြောင်းအရာများကို ဝေမျှခဲ့ကြပါသည်။ ထို့ပြင် လူမှုကွန်ရက်ပေါ်တွင် ထိရောက်ပြီး ဆွဲဆောင်မှုရှိသော သတင်းအချက်အလက်များ ရေးသား ဖြန့်ဝေနိုင်ရန် လိုအပ်ချက်များနှင့် ပါတီတစ်ရပ်ရပ်၊ ကိုယ်စားလှယ်လောင်းတစ်ဦးဦးကို ဦးတည်သော သတင်းအချက် အလက်အမှားများကို တုံ့ပြန်ဖြေရှင်းရန် လက်တွေ့နည်းနာများကိုလည်း ဆွေးနွေးခဲ့ကြသည်။

တက်ရောက်သူတစ်ဉီးမှ “ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ဆွေးနွေးခွင့်ရလိုက်တာ အင်မတန်ကောင်းပါ တယ်။ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်နဲ့ ပတ်သက်ပြီး နည်းစနစ်ကျကျ နားလည်သဘောပေါက်မှုအားနည်းနေသေးတော့ ကျနော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို သူတို့နဲ့ တိုက်ရိုက် ဆွေးနွေးခွင့်ရလိုက်တာပေါ့”  ဟု ပြောသည်။

ဆွေးနွေးပွဲ၏ ဒုတိယနေ့နှင့် တတိယနေ့များတွင် ဒီအိုင်ပီဒီနှင့် မြန်မာ့ပဉ္စမမဏ္ဍိုင်အဖွဲ့တို့သည် နိုင်ငံရေး ပါတီများအား လူမှုကွန်ရက်ကိုအသုံးပြု၍ မဲဆွယ်စည်းရုံးရေးမဟာဗျူဟာရေးဆွဲခြင်းဆိုင်ရာ အကြောင်းအရာများကို ဝေမျှခဲ့ကြပါသည်။ ထို့ပြင် လူမှုကွန်ရက်ပေါ်တွင် ထိရောက်ပြီး ဆွဲဆောင်မှုရှိသော သတင်းအချက်အလက်များ ရေးသား ဖြန့်ဝေနိုင်ရန် လိုအပ်ချက်များနှင့် ပါတီတစ်ရပ်ရပ်၊ ကိုယ်စားလှယ်လောင်းတစ်ဦးဦးကို ဦးတည်သော သတင်းအချက် အလက်အမှားများကို တုံ့ပြန်ဖြေရှင်းရန် လက်တွေ့နည်းနာများကိုလည်း ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီကိုယ်စားလှယ်တစ်ဦးက “လူမှုကွန်ရက်ကနေ ဘယ်လိုမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေ လုပ်လို့ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ အများကြီး လေ့လာခွင့်ရလိုက်တယ်။ ဒါပေမဲ့ အမုန်းစကားတွေ၊ သတင်းအတုတွေ၊ အချက်အလက်အမှားတွေကို ဘယ်လို တုံ့ပြန်ဖြေရှင်းကြမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့တွေဟာ ဖေ့စ်ဘွတ်ခ်ရယ်၊ အခြားသက်ဆိုင်သူတွေရယ်နဲ့ အတူလက်တွဲဆောင်ရွက်ကြဖို့ လိုအပ်သေးတယ်” ဟု သူ့အမြင်ကို ဝေမျှခဲ့သည်။

“ဖေ့စ်ဘွတ်ခ်ဟာ လူငယ်တွေအကြား အင်မတန် ရေပန်းစားတဲ့ လူမှုကွန်ရက်တစ်ခု ဖြစ်တာနဲ့အညီ ရှေ့သို့ မြန်မာ စီမံကိန်း (STEP Democracy) နဲ့ ဒီအိုင်ပီဒီဟာ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလမှာ ကိုယ်စားလှယ်လောင်း တွေ၊ မဲဆွယ်စည်းရုံးရေးမန်နေဂျာတွေနဲ့တင် ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘဲ ပါတီလူငယ်အဖွဲ့တွေအတွက်လည်း လူမှု ကွန်ရက်ပေါ်ကတစ်ဆင့် မဲဆွယ်စည်းရုံးခြင်းနဲ့ ပတ်သက်ပြီး နည်းပညာတွေ၊ စိန်ခေါ်မှုတွေအကြောင်း လေ့လာဆွေးနွေး ခွင့်ရအောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျူ့ မြန်မာနိုင်ငံရုံး၏ နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေး မိုက်ကယ်ဆီဂနာက ပြောသည်။