'Support to Electoral Processes and Democracy - STEP Democracy'

မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများအတွက် ကျား၊မရေးရာတန်းတူညီမျှမှု လမ်းညွှန်

05 December, 2019

ကျား၊မရေးရာတန်းတူညီမျှမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့သည် ဒွန်တွဲလျက်ရှိသောအရာဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှုကိုအားကောင်းစေခြင်းသည် တိုးတက်ဖွံ့ဖြိုးကြီးပွားမှုကိုဖြစ်စေသည့် အထူးသဖြင့် ထိရောက်သော ကိရိယာတစ်ခု ဖြစ်ပါသည်။ နိုင်ငံရေးတွင်ပါဝင်မှု အခွင့်အရေးသည် အခြေခံလူ့အခွင့်အရေး ဖြစ်ရုံသာမက အင်အားကြီးမားသောနေရာကို အမျိုးသမီးများအတွက် အထောက်အပံ့ပေးခြင်းသည် စီးပွားရေးတိုးတက်မှုကို ထောက်ပံ့ပေးသည်ဟု သုတေသီများနှင့် ကမ္ဘာ့တစ်ဝှမ်းမှ အတွေ့အကြုံများမှ ဖော်ပြနေပါသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် STEP Democray - ရှေ့သို့မြန်မာ၏ “မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများအတွက် ကျား၊မ ရေးရာ တန်းတူညီမျှမှု လမ်းညွှန်၊ ကြီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြန်ဆုံးနည်းလမ်း” စာအုပ်အထူးမိတ်ဆက်ပွဲ အခမ်းအနားအား နိုင်ငံရေး ပါတီ (၄၀) ကျော်မှ ကိုယ်စားလှယ်တော်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံရုံး ကိုယ်စားလှယ်များ၊ ရှေ့သို့မြန်မာ၏ မိတ်ဖက်အဖွဲ့အစည်းများမှ တက်ရောက်ခဲ့ကြသည်။ ယခုမိတ်ဆက်ထုတ်ဝေသောစာအုပ်သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများအား ၄င်းတို့၏ ကျား၊မရေးရာ တန်းတူညီမျှမှုဆီသို့ မှန်းလျှောက်ရာ လမ်းကြောင်းတွင် အထောက်အကူရရှိစေရန် ရည်ရွယ်ပါသည်။

ယခု လမ်းညွှန်စာအုပ်သည် ကျား၊ မ တန်းတူညီမျှမှု၏ အရေးကြီးပုံကိုနားလည်စေရန် နိုင်ငံရေးပါတီများအား ကူညီပေးပါလိမ့်မည်။ ထို့အပြင် ပါတီတွင်း ဖွဲ့စည်းပုံ နှင့် ၄င်းတို့၏ ပါတီမူဝါဒများနှင့် လုပ်ငန်းစဉ်များ နှစ်ခုလုံးတွင် ကျား၊ မ ရေးရာအမြင်ပေါင်းစပ်ဖြည့်သွင်းလုပ်ဆောင်မှုကို အားပေး လမ်းညွန်ပေးပါလိမ့်မည်။ နိုင်ငံရေးပါတီများသည် အမျိုးသမီးများအား အခွင့်အာဏာရှိသော နေရာကို ဖန်တီးရရှိစေနိုင်ရန်  လုပ်ဆောင်ပေးနိုင်သည့် အဓိကနေရာမှာရှိနေသည်။ ”ဒီမိုကရေစီ၏ တံခါးမှူးများ “ အနေဖြင့် ပါတီလုပ်ဆောင်သူများသည် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်နိုင်မှုမြှင့်တင်ရေးနှင့် အပြောင်းအလဲဖော်ဆောင်သူများဖြစ်လာစေရန် လုပ်ဆောင်ပေးရမည့် အခန်းကဏ္ဍကို နားလည်ရန် အလွန်အရေးကြီးသည်။

ယင်းပြောင်းလဲမှုတို့မှ ပြီးပြည့်စုံသော အမြဲတမ်းပြောင်းလဲမှုဖြစ်လာစေရန် နိုင်ငံရေးပါတီများသည် ၄င်းတို့၏ ဖွဲ့စည်းပုံများ၊ မူဝါဒများ နှင့် လုပ်ငန်းစဉ်များကို ကျား၊မရေးရာတန်းတူညီမျှမှုနှင့် စံနမူနာထား၍ အရည်အသွေး စစ်ဆေးသင့်ပါသည်။ ထို့နောက် အမျိုးသမီးများ ပါတီ၏ ရာထူးအဆင့်ဆင့်တွင် အဆင့်မြှင့်တင်ပေးနိုင်ပြီး ရွေးကောက်ခံရုံးရှိသော အဆင့်တိုင်းတွင် ဝင်ရောက်ပြိုင်နိုင်စေသည့် ရည်မှန်းချက်များပါဝင်သော ကျား-မရေးရာ လုပ်ငန်းအစီအစဉ်များကို ရေးသားမှတ်တမ်းတင်သင့်ပါသည်။ ယခုလမ်းညွှန်စာအုပ်တွင် ထိုကျား၊မရေးရာလုပ်ငန်းစီမံချက် နမူနာပုံစံတစ်ခု ပါဝင်ပြီး ပါတီခေါင်းဆောင်များ ၏ ကျား၊ မ ရေးရာအမြင် ပေါင်းစပ်ဖြည့်သွင်းလုပ်ဆောင်မှုကို တိုက်ဆိုင်စစ်ဆေးနိုင်သော အချက်အလက်စာရင်းများ အနေဖြင့်လည်း အသုံးပြုနိုင်သည်။

ယခုမိတ်ဆက်ပွဲအခမ်းအနားသည် ကျား၊မရေးရာ တန်းတူညီမျှမှု ပညာရှင်များ၏ ကျား၊မရေးရာ အမြင်ပေါင်းစပ်ထည့်သွင်းခြင်းအတွက် ဝေငှချက်များကို လေ့လာနိုင်သော  အထူအခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။ အခမ်းအနား၏ သော့ချက်မိန့်ခွန်းကိုလည်း အင်ဒိုနီးရှားနိုင်ငံ၏ ပါလီမန်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူ Ms. Eva K Sundari မှ သော့ချက်မိန့်ခွန်းကို ပြောကြားခဲ့သည်။ သူမသည် နိုင်ငံရေးတွင် အတွေ့အကြုံများစွာရှိသူ တစ်ဦးဖြစ်ပြီး အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်လာရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုများကို အထူးလုပ်ဆောင်ခဲ့သူဖြစ်သည်။ ကျား၊မရေးရာတန်းတူညီမျှမှုရရှိရေးသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ခု၊ အထူးသဖြင့် အာရှတလွှားတွင် လည်း စိန်ခေါ်မှု တစ်ခုဖြစ်ပြီး၊ Ms. Sundari မှ သူမရရှိခဲ့သည့် အတွေ့အကြုံများနှင့် အင်ဒိုနီးရှားနိုင်ငံတွင် အသုံးပြုခဲ့သော အလေ့အထကောင်းများကို ဝေငှခဲ့သည်။

 

သူမ၏ မိန့်ခွန်းတွင် “နိုင်ငံရေးသမားများ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြောင်းလဲမှုဖော်ဆောင်နေတဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့အကြောင်း မကြာခဏပြောဆိုကြပါတယ်။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံကို မပြောင်းလဲခင် မိမိကိုယ်မိမိ အရင်ပြောင်းလဲကြရမှာဖြစ်ပါတယ်။ ကျား၊မ တန်းတူညီမျှရေးကို အထောက်အပံ့ပေးဖို့ လူမှုအသိုက်အဝန်းကို ပြောင်းလဲရာမှာ ရည်မှန်းချက်တွေ လုပ်ဆောင်ချက်တွေကို အတူတကွဖော်ဆောင်ကြတဲ့ အမျိုးသမီးနဲ့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေလိုအပ်ပါတယ်။ သို့မှသာ အမျိုးသမီးတွေအပါအဝင် ပြည်သူတွေအားလုံး နဲ့ နိုင်ငံသားအားလုံးကို အကျိုးဖြစ်ထွန်းစေတဲ့ လူမှုတရားမျှတရေးဆိုင်ရာ အိမ်မက်တွေကို ဖြစ်ပေါ်စေနိုင်ပါမယ်” ဟု ပြောကြားခဲ့သည်။

ထို့နောက် ရှေ့သို့မြန်မာမှ “ရှေ့ဆက်ရမည့် လမ်းကြောင်းများ – နိ်ုင်ငံရေးပါတီများမှ ကျား-မရေးရာ တန်းတူညီမှုကို မည်သို့ ကူညီထောက်ပံ့မည်နည်း။” စကားဝိုင်း ဆွေးနွေးခြင်းကို ဆက်လက်ပြုလုပ်ပေးခဲ့သည်။ ဆွေးနွေးခဲ့ကြသည့် ပညာရှင်များမှ အမျိုးသမီးများ တန်းတူညီမျှမှု နှင့် နိုင်ငံရေးတွင်အပြည့်အဝပါဝင်နိုင်ရန် ကြိုးပမ်းမှုများ ထိရောက်စေရန်၊ နိုင်ငံရေးပါတီများသည် ၄င်းတို့၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာရေးဆိုင်ရာများသည် ကျား၊မရေးရာတုန့်ပြန်ခြင်း နှင့် ပါဝင်စေခြင်းတို့ကို သေချာစေရန် နည်းဗျူဟာများရှိရန်၊ နိုင်ငံရေးပါတီများအနေဖြင့် အမျိုးသမီးများပါဝင်လာရေး၊ မတူညီသောအမြင်များ ရှိစေရန် ၄င်းတို့၏ မူဝါဒများ၊ မူဝါဒလမ်းစဉ်များတွင် ကျား၊မ ရေးရာတန်းတူညီမျှမှု ပေါင်းစည်းထည့်သွင်းခြင်း နှင့် မည်သူမျှ နောက်ကျကျန်နေခြင်းများ မရှိစေရန်မှာ အလွန်အရေးကြီးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ယင်းစကားဝိုင်းဆွေးနွေးပွဲသည် ကျား၊မရေးရာ တန်းတူညီမျှမှုဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များမှ နိုင်ငံရေးပါတီများ၊ ကျား၊မရေးရာအခြေပြု မူဝါဒများနှင့် နိုင်ငံရေးပါတီများမှ ကျား၊မရေးရာသည် အရေးပါကြောင်း ပြည်သူများ၏ အသိအမှတ်ပြုမှု ပိုမိုရရှိအောင် မည်သို့ဖော်ဆောင်မည်ဆောင်နိုင်ကြောင်း ဆွေးနွေးခဲ့သည်။

အဖွင့်အမှာစကား ပြောကြားပေးခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဥက္ကဌကြီး ဦးလှသိန်း နှင့် နယ်သာလန်သံရုံးမှ ကိုယ်စားလှယ် Ms. Linda Van der Host တို့အား ရှေ့သို့မြန်မာ မှ အထူးကျေးဇူးတင်ရှိပါသည်။

စာအုပ်အခမဲ့ရယူရန် - http://bit.ly/2OP1ZYs