'Support to Electoral Processes and Democracy - STEP Democracy'

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်တင်ပေးခြင်း

09 December, 2019

မြန်မာနိုင်ငံတွင် သမိုင်းတစ်လျှောက် ဒုတိယအထွေထွေရွေးကောက်ပွဲကြီးအတွက် ပြင်ဆင်နေလျှက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အဓိကကျသော စည်းမျဉ်းစည်းကမ်းနှင့်လုပ်ထုံးလုပ်နည်းများအား ပိုမိုနားလည်စေရန်နှင့် မြန်မာ့ဒီမိုကရေစီမအဖွဲ့အစည်းများ ရေရှည်တည်တံ့စေရန်အတွက် သင်ကြားရေးလက်စွဲစာစဉ်တစ်ခုကို ပြုစုထားပါသည်။

ဤစာစဉ်ဖြစ်မြောက်ရေးအတွက် ဥရောပသမဂ္ဂမှ ငွေကြေးထောက်ပံ့ပေးသည့် STEP Democracy - ရှေ့သို့မြန်မာ အစီအစဉ်ကနေဆင့် International IDEA မှ ကူညီပံပိုးပေးထားပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အရည်အသွေးပြည့်ဝသော သင်တန်းများနှင့်အတူ ဤစာစဉ်ကို ရွေးကောက်ပွဲကော်မရှင်ခွဲအဆင့်များအားလုံးနှင့် မဲရုံဝန်ထမ်းများအတွက် အသုံးပြုမည်ဖြစ်ပြီး ၂၀၂၀ တွင်ကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အရေးပါသည့်အုတ်မြစ်ဖြစ်သော ၄င်းတို့၏ဗဟုသုတအသိပညာများ၊ စိတ်ပါဝင်စားမှုနှင့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို နားလည်မှုပိုမိုရရှိစေရန်အတွက် ရည်ရွယ်ပါသည်။

မြန်မာ့သမိုင်းတွင် ပထမဦးဆုံးသော အများပါဝင်သည့်၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် အစိုးရတစ်ရပ်ကို အာဏာလွှဲပြောင်းပေးအပ်ခဲ့ခြင်းသည် တိုင်းပြည်၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် မှတ်ကျောက်တစ်ခုအဖြစ် သတ်မှတ်နိုင်ခဲ့ပါသည်။ International IDEA အဖွဲ့သည် မြန်မာ့ဒီမိုကရေစီအသွင်းကူးပြောင်းဖြစ်စဉ်တွင် ၂၀၁၅ ခုနှစ်မှစတင်ကာ ကူညီထောက်ပံ့ပေးမှုများကို STEP Democracy ၏ ရွေးကောက်ပွဲဖြစ်စဉ်များနှင့် ဒီမိုကရေစီအား ထောက်ပံ့ကူညီပေးရေး ပရိုဂရမ်မှတဆင့် စတင်လုပ်ဆောင်ပေးလျှက် ရှိပါသည်။

ဥပဒေမူဘောင်ပြုပြင်ပြောင်းလဲရေးအတွက် အရေးဆိုတိုက်တွန်းခြင်းပြုရန်နှင့် ပြုပြင်ပြောင်းလဲရေးအပေါ် စိတ်ပါဝင်စားမှု နက်ရှိုင်းစေရန်အတွက် ကျွန်ုပ်တို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် နီးကပ်စွာဆောင်ရွက်ခဲ့ပါသည်။

ထို့နောက်သင်တန်းများပေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင်ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲများတွင် တာဝန်ထမ်းဆောင်ခဲ့သော မဲရုံဝန်ထမ်းများအပါအဝင် ရွေးကောက်ပွဲကော်မရှင်ခွဲအသစ်များအားလုံးအတွက်၊ အရာရှိများ ၄င်းတို့၏ ရွေးကောက်ပွဲဆိုင်ရာတာဝန်များကို ထမ်းဆောင်ဖြည့်ဆည်းနိုင်ရန်အတွက် ၄င်းတို့၏ စွမ်းဆောင်ရည်တို့အား မြှင့်တင်ပေးရန်ရည်ရွယ်ပါသည်။

ယခုပြုစုထားသောစာစဉ်သည် ၂၀၂၀ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲဝန်ထမ်းများကို ထောက်ပံ့ကူညီပေးသည့် နောက်တစ်ဆင့်လုပ်ငန်းဖြစ်ပါသည်။ ထိုစာစဉ်သည် သင်တန်းနှစ်မျိုးအတွက် အခြေခံဖြစ်ပါမည်။ ပထမဦးစွာ အရည်အချင်းပြည့်ဝသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နာများမှ ခရိုင် ၇၉ ခုရှိ ကော်မရှင်ခွဲများမှ ရွေးချယ်ထားသောအဖွဲ့ဝင် ၃၀၃ ယောက်အတွက် သင်တန်းပေးခဲ့ပါသည်။ ထို့နောက် အသစ်ခန့်အပ်လိုက်သော ရွေးကောက်ပွဲကော်မရှင်ခွဲအဖွဲ့ဝင် ၂၃၀ဝ ဦး ခန့်အတွက်  နောက်ထပ်သင်တန်းများ ထပ်မံဆောင်ရွက်ခဲ့ပါသည်။

စာစဉ်တွင်ပါဝင်သော ခေါင်းစဉ်အကြောင်းအရာများမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အခန်းကဏ္ဍနှင့် တာဝန်ယူမှုများ၊ ဥပဒေမူဘောင်၊ နိုင်ငံရေးပါတီများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာရမည့်အချက်များ၊ မဲဆန္ဒရှင် စာရင်းသွင်းခြင်းများ၊ ပြဿနာဖြေရှင်းခြင်းများ၊ ညှိနှိုင်းခြင်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်မှုများကို တင်သွင်းခြင်း၊ ကြိုတင်မဲပေးခြင်း၊ မဲဆန္ဒရှင်နှင့် ပြည်သူများအား အသိပညာပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်ကြေငြာခြင်းများ၊ ကော်မရှင်ခွဲများ၏ အခန်းကဏ္ဍနှင့် မဲရုံများအတွက် လုပ်ငန်းလမ်းညွှန်ချက်များနှင့် ကျားမဆိုင်ရာလူအများသိသင့်သည့် အကြောင်းအရာများ ဖြစ်ကြပါသည်။

အခုဆရာဖြစ်သင်တန်းဟာ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာအသိပညာများ တိုးတက်မြင့်မားစေရန် ကူညီပေးပါတယ်။ ကျွန်တော်တို့ဟာ ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများမှ သင်ခန်းစာတွေကို လေ့လာနိုင်ခဲ့ကြပါတယ်ဒါ့အပြင် သင်တန်းကာလအတွင်းမှာ ပြည်နယ်နဲ့ တိုင်အသီးသီးက ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာအခြေအနေတွေနဲ့ အတွေ့အကြုံတွေကို မျှဝေနိုင်ခဲ့ကြပါတယ်။ ထို့အတူ အဲဒီကိစ္စရပ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးချုပ်က သင်တန်းနည်းပြဆရာတွေနဲ့ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ပိုမိုယုံကြည်မှုရှိလာကြပြီးတော့ မကြာမီအချိန်အတွင်းမှာ အလားတူအကျိူးပေးမယ့် သင်တန်းတွေကို ဖြန့်ဝေပေးလိုပါတယ်။” ဟု ကရင်ပြည်နယ်ကော်မရှင်ခွဲမှ ကော်မရှင်နာတစ်ဦးက ပြောကြားသည်။