'Support to Electoral Processes and Democracy - STEP Democracy'

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ကော်မရှင် အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြင့် ဆင့်ပွားသင်တန်း

26 January, 2020

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲများအတွက် ပြင်ဆင်မှုများ ပြုလုပ်နေခြင်းသည် စောသေးသည်ဟု ဆိုနိုင်သော်လည်း ထိုသို့ကြိုတင်ပြင်ဆင်ထားခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ အသိပညာများ မျှဝေပေး နိုင်ရန် ပိုမိုအချိန်ရစေသည်သာမက မသေချာမရေရာမှုများကို သတ်မှတ်နိုင်ရန်လည်း အခွင့်အရေး ရစေပါသည်။ ရွေးကောက်ပွဲလုပ်ငန်းဆောင်တာများတွင် ဝန်ထမ်းများသည် ရှုပ်ထွေးသောတာဝန်လုပ်ငန်း စဉ်များကို အချိန်အကန့်အသတ်အတွင်း လုပ်ဆောင်ကြရပါသည်။ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းများကို နားလည်ထားခြင်းသည် အောင်မြင်ရန်အဓိက အကြောင်းတရားဖြစ်ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲများတွင် လုပ်ဆောင်ပေးခဲ့သကဲ့သို့ ကော်မရှင်အဖွဲ့ခွဲအသစ်များကို ရွေးကောက်ပွဲဆိုင်ရာသင်တန်းပို့ချပေးပါရန် STEP Democracy နှင့် International IDEA အဖွဲ့အား ယမန်နှစ်က သီးခြားတောင်းဆိုခဲ့ပါသည်။ ဥရောပ သမဂ္ဂငွေကြေးထောက်ပံ့မှုပြုသော STEP Democracy နှင့် International IDEA သည် ဘာသာအသစ် ၁၁ခု ပါ သင်တန်းလက်စွဲစာစဉ်အသစ်အား ရေးဆွဲပြီး ပုံနှိပ်ထုတ်ဝေပေးခဲ့ပါသည်။ ဤလုပ်ငန်းစဉ်အား ကူညီထောက်ပံ့မှုပြုရသည့်အတွက် STEP Democracy နှင့် International IDEA တို့အနေဖြင့် ဂုဏ်ယူပါသည်။

အဓိကဘာသာရပ်များမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အခန်းကဏ္ဍနှင့် တာဝန်များ၊ ဥပဒေဆိုင်ရာမူဘောင်၊ နိုင်ငံရေးပါတီများ၏ ကျင့်ဝတ်၊ မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း ၊  ရွေးကောက်ပွဲ ကန့်ကွက်မှုများအား တင်သွင်းခြင်း၊ ဖြေရှင်းခြင်း၊ ကြိုတင်မဲ၊ ရွေးကောက်ပွဲ ပညာပေးနှင့်  မဲဆန္ဒရှင် အသိပညာပေးခြင်း၊ မဲပေးခြင်းနှင့် ရေတွက်ခြင်း၊ ရလဒ်များကြေငြာခြင်း၊ မဲရုံဝန်ထမ်း များ ဆောင်ရန်ရှောင်ရန်များ၊ ကျားမအပေါ်သက်ရောက်နိုင်မှုများ ဖြစ်ကြပါသည်။ အပြန်အ လှန်အမေးအဖြေ ကဏ္ဍနှင့် ရင်းနှီးမိတ်ဆက်ခြင်းများကိုလည်း လုပ်ဆောင်ထားပြီးဖြစ်ပါ သည်။

အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဥက္ကဋ္ဌဖြစ်သူ ဦးတင်လှိုင်က “ဒီသင်တန်းဟာ  ကျွန်တော် တို့အားလုံးပါဝင်နိုင်တဲ့ခန်းမကျယ်ကြီးထဲမှာ သက်တောင့်သက်သာ  လေ့လာသင်ယူမှုပြုနိုင်တဲ့  ကျွန်တော် ပထမဆုံးတွေ့ဖူးတဲ့သင်တန်းပါပဲ။ ဒုတိယကျွန်တော်အနေနဲ့ အင်းတော်မြို့နယ်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွက် အလုပ်လုပ်ခဲ့တာ ၂၀၁၀ ခုနှစ်ကတည်းဖြစ်ပြီး ဒီသင်ကြားရေးနည်းလမ်းဟာ တခြားသောအလုပ်ရုံနဲ့ သင်တန်းတွေနဲ့  ကွဲပြားခြားနားတာကို သတိပြုမိပါတယ်။ ကျွန်တော်တို့အနေနဲ့ သင်ခန်းစာတွေကို နားလည်နိုင်ဖို့ အထူး ကြိုးစားနေစရာမလိုပါဘူး။ ကျွန်တော်ဆိုလိုတာက သင်ခန်းစာအစီအစဉ်တွေက တိုတောင်းပြီး  သက်ရောက်မှုရှိပါတယ်။ သင်ကြားမှုစတိုင်ကလည်း တက်ကြွပြီး ကျွန်တော်တို့ဟာ role play လှုပ်ရှားမှုတွေမှာ ပါဝင်ပြီး သင်ခန်းစာတစ်ခန်းပြီးသွားတိုင်း ပဟေဋ္ဌိများကို ဖြေကြားကြပါတယ်။ ဒါကြောင့် လည်း ကျွန်တော်တို့ ပျော်ရွှင်ကြရပြီး ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေဟာလည်း ကျွန်တော်တို့ခေါင်းထဲမှာ  လျင်မြန်စွာရောက်ရှိစွဲမြဲစေပါတယ်။ သင်တန်းလက်စွဲစာစဉ်ဟာလည်း အလွန်ကောင်းမွန်ပါတယ်။  ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နဲ့ အမျိုးသားလွှတ်တော်ဥပဒေစတဲ့ စာအုပ်များစွာကို  ဖတ်ရမှာဖြစ်တာကြောင့် အဲလောက်များပြားတဲ့စာအုပ်တွေကို ဖတ်ဖို့၊ ကိုးကားဖို့ဆိုတာ ကျွန်တော်တို့အတွက် မလွယ်ကူပါဘူး။  ဒါပေမယ့် ဒီလက်စွဲစာစဉ်ထဲမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသုံးဝင်နိုင်ဆုံးအချက်အလက်တွေကို စုစည်းပေးထားပါတယ်။ ကျွန်တော်တို့ စာအုပ်မြောက်များစွာကို  ထပ်မံဖတ်နေစရာမလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရေးကြီးတဲ့အချက်အလက်တွေအားလုံးကို  ဒီလက်စွဲစာစဉ်ထဲမှာ ထည့်ပေးထားပြီးသားဖြစ်နေလို့ပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ International IDEA၊ STEP Democracy နဲ့ EU (ဉရောပသမဂ္ဂ) မှ ကျွန်တော်တို့ကို ကူညီပေးတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ပါတယ်။”

ယခုသင်တန်းသည် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းပေါင်း ၂၇၅၁ ကို ပို့ချပေးလျှက်ရှိပါသည်။ ဤသင်တန်းမှ ကော်မရှင်အဖွဲ့ခွဲများအားလုံး လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများအား တညီတညွှတ်တည်းလိုက်နာကြပြီး ပြည်သူလူထုမှလည်း ယုံကြည်မှုများဆက်လက် ရရှိစေမည်ဖြစ်ပါသည်။ သင်တန်းသည် ကော်မရှင်အဖွဲ့ခွဲများကို ၄င်းတို့၏လုပ်ငန်းဆောင်တာများ မည်ကဲ့သို့လုပ်ဆောင်ရမည်ကို သိရှိစေရုံသာမက အဘယ်ကြောင့်လုပ်ဆောင်ရသည်ဆိုသည်ကိုလည်း သိရှိစေပါမည်။ ရွေးကောက်ပွဲနေ့မှာ မဲလာပေးတဲ့ မဲဆန္ဒပေးခွင့်ရှိသူရာခိုင်နှုန်းနဲ့ ရလဒ်တွေကနေ ပြည်သူလူထုက ဆုံးဖြတ်ကြခြင်းကြောင့်  ရွေးကောက်ပွဲများတွင် တာဝန်ထမ်းဆောင်ရခြင်းသည်  ဖောင်ပုံစံအားမှန်ကန်အောင်ဖြည့် ခြင်းကဲ့သို့လုပ်ငန်းများထက် များစွာပိုမို အရေးပါအရေးကြီးလှပါသည်။ ဝန်ထမ်းများအနေနှင့်လည်း ပွင့်လင်းမြင်သာမှု၊ ပရော်ဖက်ရှင်နယ်ဆန်မှု၊ အမှီအခိုကင်းမှု၊ ဘက်လိုက်ခြင်းကင်းမှုနှင့် ဝန်ဆောင်မှုဦးစားပေးတတ်ခြင်း စသည့်နည်းနာနိဿယများ ကို လေးစားလိုက်နာရန်လည်း လိုအပ်ပါသည်။

 

ကိုယ်စားလှယ်လောင်းများနှင့် ပြည်သူများက ကော်မရှင်အဖွဲ့ခွဲများတွင် အကူအညီတောင်းခံသည့်အခါ မည်မျှထောက်ပံ့မှုပြုပေးနိုင်သည်ဆိုသည့် ၄င်းလုပ်ငန်းစဉ်ကိုယ်တိုင်ကလည်း ဆုံးဖြတ်မှုပြုပါသည်။ ဤသင်တန်းသည် နိုင်ငံတော်အဆင့် ပါဝင်ပတ်သတ်သူများနှင့် အဖွဲ့အစည်းများကို  မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်း ရေရှည်တည်တံ့မှုတွင် ပါဝင်စေရန်အတွက် အသိပညာဗဟုသုတများ၊ စွမ်းရည်များ လွှဲပြောင်းပေးရန်လည်း ရည်ရွယ်ပါသည်။ ပြင်ဆင်ဆောင်ရွက်မှုအဆင့်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် STEP Democracy နှင့် International IDEA အဖွဲ့တို့သည် နီးကပ်စွာအတူတကွ အလုပ်လုပ်ဆောင်ခဲ့ကြပါသည်။

စုစုပေါင်း ဆင့်ပွားသင်တန်း ၈၇ ခုအား ခရိုင်၇၈ခုတွင် ၂၀၂၀ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာ ဖေဖော်ဝါရီ ၁၄ ရက်အထိ ဆောင်ရွက်မည်ဖြစ်ပါသည်။