'Support to Electoral Processes and Democracy - STEP Democracy'

STEP Democracy ၏ ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ သင်တန်းမှာ နိုင်ငံရေးပါတီတွေ ဘာတွေ လေ့လာကြလဲ

14 February, 2020

နိုင်ငံရေးပါတီများသည် ဒီမိုကရေစီ အကူးအပြောင်းတွင် အရေးပါသကဲ့သို့ ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ တွင်လည်း အဓိကကျလှပါသည်။ ၄င်းတို့သည် နစ်နာနေသည့် နိုင်ငံသားများ၏တောင်းဆိုမှုကို ဖွင့်ဟထုတ်ဖော်ရာတွင် ကြီးမားသော အခန်းကဏ္ဍမှပါဝင်ပြီး၊ အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်၏ကြားတွင် မရှိမဖြစ် အရေးပါသော ချိတ်ဆက်မှုမှာ နိုင်ငံရေးပါတီများပင်ဖြစ်သည်။

ယခု“နိုင်ငံရေးပါတီများ အတွက် ပဋိပက္ခဖြေရှင်းရေး” သင်တန်းတွင် STEP Democracy -ရှေ့သို့မြန်မာ အစီအစဉ်သည် နိုင်ငံရေးရောင်စဉ် တစ်လွှားမှ နိုင်ငံရေးသမားအားလုံးကို အတူ တကွစုစည်းထားပြီး၊ ကြားဝင်စေ့စပ်ရေး၊ ဆွေးနွေးညှိနှိုင်းရေးနှင့် အပြန်အလှန်ဆွေးနွေးမှုတို့ကို နားလည်ရန် ၎င်းတို့ကို စွမ်းရည်များကို ကျယ်ပြန့်စေပါသည်။ ပဋိပက္ခနှင့်ပတ်သတ်၍ တစ်ကမ္ဘာလုံးမှ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများသည် အလားတူညီသော စိန်ခေါ်မှုများကို ကြုံတွေ့နေကြရပါသည်။ ဥပမာအားဖြင့် ပါတီတွင်းစည်းလုံးမှု၊ ပါတီအဖွဲ့အစည်းနှင့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ခြင်းနှင့် ပတ်သတ်၍ ပဋိပက္ခသည် အမြဲရှိနေပါသည်။

ထို့အပြင် နိုင်ငံရေးသဘောသဘာဝအရ ပါတီကိုယ်၌အတွင်းပင်လျှင် အားကောင်းစွာမတူညီသည့် ထင်မြင်ယူဆချက်များ ဖြစ်တည်ရှိနေနိုင်သည်။ ဆုံးဖြတ်ချက်ချရာတွင် ပါဝင်နိုင်မှုရရှိခြင်း၊ ပါတီတွင်းရွေးကောက်ပွဲ လုပ်ဆောင်မှုနှင့် လမ်းစဥ်များ အတွက် နိုင