'Support to Electoral Processes and Democracy - STEP Democracy'

ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲမှ ကောက်နှုတ်ချက်များ

28 February, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ နေပြည်တော်၌ တစ်လလျှင် ၂ ပတ်တစ်ကြိမ်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် သတင်းမီဒီယာသမားများတွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲများကို ပုံမှန်ပြုလုပ်လျှက်ရှိပါသည်။

ဖေဖော်ဝါရီလ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ယခုလ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောကြားချက်များ၊ အမေး အဖြေကဏ္ဍတွေထဲက အချက်အလက်တချို့ကို STEP Democracy မှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

မတ်လ၏ ပထမအကြိမ် သတင်းစာရှင်းလင်းပွဲကို မတ်လ ၅ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်ဟု သိရပါ သည်။

အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းနဲ့ ပတ်သက်လို့ ပြောကြားချက်

“မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်း၊ အသိပညာပေးအစီအစဉ်တွေ ပြုလုပ်သွားဖို့အတွက် CSO အဖွဲ့ ၅ဖွဲ့နဲ့ တွေ့ဆုံ နေပါတယ်။  CSO အဖွဲ့  ၂၂ ဖွဲ့နဲ့ ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားဖို့ရှိပါတယ်။  ၇ ဖွဲ့ ကတော့ မသန်စွမ်းတဲ့အဖွဲ့တွေ လူငယ်အဖွဲ့တွေ အမျိုးသမီးအဖွဲ့တွေပါပါတယ်။ မသန်စွမ်းတဲ့သူတစ် ယောက်ဖြစ် တဲ့ နားမကြားတဲ့ မသန်စွမ်းသူတစ်ယောက်က သူလုပ်ဆောင်မယ့် လုပ်ငန်းတွေကို သူတို့ရဲ့ ခြေဟန်လက်ဟန် နည်းနဲ့ပဲ ရှင်းပြပါတယ်။ မဲစာရင်းတွေကို ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းတွေဖြစ်အောင်ပြုစုနေပါတယ်။ ဆန္ဒမဲမှာပါတဲ့ ဆန္ဒမဲပေးနိုင်ခွင့်ရှိသူတွေ အားလုံးကိုလည်း အစဉ်သဖြင့်ဆွေးနွေးပြီးတော့ ဆောင်ရွက်နေပါတယ်။ အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်နေပါတယ်။ အသိပညာပေးရေးလုပ်ငန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အရပ်ဘက်လူ့အဖွဲ့အစည်းများဖြင့် အများကြီး ပိုမိုပြီးတော့မှ အားစိုက်ပြီးလုပ်လိုက်တဲ့သဘောပါပဲ။ ဟိုတနေ့ကလည်း CSO တွေဘက်က ပါဝင်မှု CSO တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကူညီဆောင်ရွက်မယ်ဆိုတဲ့ ပူးပေါင်းပါဝင်မယ့်  CSO တွေ ၂၂ ဖွဲ့ လောက်ရှိပါတယ်။ အဲဒါနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကို အစီအစဉ်တွေ ချမှတ်ထားပါတယ်။ နောက်ပြီးတော့လည်း သူတို့က ဆက်လက်ပြီးတော့မှလည်း အသိပညာပေးတွေလည်း လုပ်သွားမှာပေါ့။ နမူနာအားဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပုံစံတွေနဲ့ လုပ်သွားမှာပါ။ ဒီမှာတော့ ကျွန်တော်တို့ ဆွေးနွေးနေတယ် ခုနကပြောတဲ့ မသန်စွမ်းအဖွဲ့တွေပါတယ်။ အဲဒီမှာမှ သိသင့်တဲ့ သတင်းတွေလည်း ရချင်ရင်တော့ မေးမြန်းလို့ရပါတယ်။”

 

 

နိုင်ငံရေးပါတီများအတွက် Bluemark ကိစ္စ၊ လူမှုရေး၊ဘာသာရေးနှင့်ဆိုင်သည့်ကိစ္စရပ်များ မေးမြန်းလာမှု

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် Facebook အဖွဲ့တို့ ညှိနှိုင်းဆဲပါပဲ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်မှ လိုချင်တာတွေနဲ့ Facebook ဘက်က လုပ်ပေးနိုင်တာတွေကို ဆွေးနွေးညှိနှိုင်းနေဆဲပါ။”

လွှတ်တော်ထဲမှ တပ်မတော်သားတွေ မဲဆန္ဒစာရင်းကိုတွေ့ပြီး လူထုတွေ့ဆုံပွဲတွေ လုပ်နေတဲ့အပေါ် မေးမြန်း လာမှု

“အဲဒါနဲ့ ပတ်သက်လို့ လွှတ်တော်ကနေ  ‌ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သဘောထားကို ပြောပါဆိုလို့ ဖြေဖို့ရာအတွက် မေးလို့မို့လို့ ဖြေကြားတဲ့စာကို လွှတ်တော်ထဲကို ပို့ထားပါတယ်။ မဖြေရသေးဘူးပေါ့နော်။ ဖြေမယ့်ရက်ကိုတော့ ဒီကို ‌ရောက်လာရင်တော့ ‌ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သွားဖြေမှာပါ။”

 

ပါတီအချင်ချင်းတိုင်ကြားတာတွေနဲ့ ပတ်သက်လို့ မေးမြန်းလာမှု

“ပါတီအချင်းချင်းတိုင်ကြားစာတွေ ပါတီတစ်ခုနဲ့တစ်ခုတိုင်ကြားစာတွေ မရှိသေးပါဘူး။ အရေအတွက်ကတော့ အနေနဲ့ ‌ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့တိတိကျကျပြောလို့မရဘူး။ တချို့သော ကော်မရှင်အဖွဲ့ ခွဲဝင်တွေကို စည်းရုံး‌ရေးတွေမှာ လိုက်ပါတာနဲ့ပတ်သက်လို့တော့ တိုင်ကြားစာတွေတော့ ရှိပါတယ်။ ဒါတွေလည်း စီစစ်နေတယ်။ စီစစ်နေတုန်းပါ။ စီစစ်ပြီးတော့ ပြန်‌ပြောပါ့မယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်ဝေဖန်မှုများနှင့် ပတ်သက်၍ ပြောကြားချက်

 

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဘယ်လိုပဲ ဝေဖန်ဝေဖန်ပြောကြပေါ့ အရှိန်က ပိုပြီးတော့နီးလာလေလေ ကျွန်တော်တို့အပေါ် ပြောကြမှာပေါ့ ပြောမယ် သို့သော် ကျွန်တော်တို့ကတော့ ကျွန်တော်တို့ လုပ်ငန်း စိုက်စိုက်မတ်မတ် ကျွန်တော်တို့ ရည်ရွယ်ထားတဲ့အတိုင်း စိုက်စိုက်မတ်မတ် ကျွန်တော်တို့ဟာ ကို မလွှဲမသွေ မတိမ်းမစောင်းရအောင် ကျွန်တော်တို့ စံ ၅ ချက်နဲ့အညီ ဥက္ကဌကြီးကလည်းပြောသွားတာ ဟန်ပြမဟုတ်ဘူး စံပြ ကျွန်တော်တို့ လုပ်ဆောင်ချက်က သမိုင်းပဲလေ အဲဒီအတိုင်းပဲ ကျွန်တော်တို့ လုပ်သွားမှာပေါ့။ ဝေဖန်မှုက အတိုင်းအတာတော့ရှိသေးတာပေါ့။ အတိုင်းအတာထက်ပိုပြီးတော့ ဖြစ်လာရင်တော့ တမျိုးပေါ့ သို့သော်လည်း ကျွန်တော်တို့က ဉီးတည်နေတာကတော့ ဥပဒေနဲ့အညီ လွတ်လပ်ရမယ်။ မျှမျှတတရှိရမယ်။ အများယုံကြည်ပြီး ပွင့်လင်းမြင်သာမှုရှိရမယ်။ မံဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ မဲက တစ်ထပ်တည်း ဖြစ်စေရမယ်။ မဲဆိုတဲ့ စံ ၅ ချက်ကိုပဲ မတိမ်းစောင်းအောင်လုပ်နေတယ်။ ရွေးကောက်ပွဲကို ကြည့်ရင် ပိုမိုပြီးတော့ ပွင့်လင်းလာတယ်လို့ ယူဆရမှာပေါ့။”

 

နိုင်ငံရေးပါတီများကို သတိပေးအကြောင်းကြားစာနဲ့ ပတ်သက်လို့ မေးမြန်းလာမှု

“တချို့ပါတီတွေအနေနဲ့လည်း အရေးအသားလေးတွေလွဲလို့လည်း တစ်ဉီးချင်း ခေါ်ပြီးတော့ သတိပေးစာတွေလည်း ရှိပါတယ်။ တချို့ပါတီတွေကျတော့လည်း အရေးအသားနဲ့ပတ်သက်လို့ပြောခဲ့တာလေးတွေရှိတာပေါ့။ ပါတီတွေနဲ့သက်ဆိုင်တာပေါ့ တစ်ဉီးချင်း ၁၅ ခုလောက်တော့ရှိမယ်။ ပါတီမှာ တာဝန်ရှိတဲ့သူတွေ ၁၅ ခုလောက်ရှိတာကိုပြောတာပါ။”