'Support to Electoral Processes and Democracy - STEP Democracy'

ထုတ်ပြန်ကြေညာချက်

17 March, 2020

ထုတ်ပြန်ကြေညာချက်

ရန်ကုန်၊ မြန်မာ။

၁၇ရက်နေ့၊ မတ်လ၊ ၂၀၂၀ ခုနှစ်

 

အကြောင်းအရာ။   ။ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ COVID – 19 ဖြစ်ပွားမှုူ အခြေအနေများကြောင့် STEP Democracy ၏ လုပ်ဆောင်ချက်များအား ယာယီ ရပ်နားခြင်း။

 

ကိုရိုနာ ဗိုင်းရပ်စ် (COVID – 19) ဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ မတ်လ ၁၃ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်သည့်အနေဖြင့်လည်းကောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးကို အလေးထားသည့်အနေဖြင့်လည်းကောင်း STEP Democracy ၏ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ နှင့် အခမ်းအနားများအားလုံးကို ၂၀၂၀ ခုနှစ် ဧပြီလကုန်အထိ ယာယီ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း အသိပေး ထုတ်ပြန် ကြေညာအပ်ပါသည်။

STEP Democracy ၏ သင်တန်းများ၊ အလုပ်ရုံးဆွေးနွေးပွဲများ နှင့် အခမ်းအနားများနှင့်ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေများကို အသိပေး ထုတ်ပြန်သွားမည်ဖြစ်ပါသည်။ STEP Democracy ၏ မိတ်ဖက် အဖွဲ့အစည်းများ၊ လူပဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံအတွင်းရှိသူများအားလုံး ဘေးကင်းလုံခြုံပြီး ကျန်းမာကြပါစေကြောင်း STEP Democracy မှ ဆန္ဒပြုအပ်ပါသည်။

 

STEP Democracy အဖွဲ့သားများ