'Support to Electoral Processes and Democracy - STEP Democracy'

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် STEP Democracy ပါဝင်ဆင်နွှဲ

11 March, 2020

ဥရောပ သမ္မဂ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျှက်ရှိသည့် STEP Democracy အတွက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သည် ကမ္ဘာအနှံ့ရှိအမျိုးသမီးများနေ့ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရုံသာမက အမျိုးသမီးအခွင့်အရေးနှင့် မြန်မာ အမျိုးသမီးများ နိုင်ငံရေးတွင် ပါ၀ င်မှုကိုလည်း မြှင့်တင်ရန်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန် STEP Democracy နှင့် International IDEA တို့သည်မတ်လ ၃ ရက်မှ ၆ ရက်နေ့အထိ ရန်ကုန်ရှိ ပြင်သစ်အင်စတီကျုးကစီစဉ်သည့် အမျိုးသမီးများအခွင့်အရေး ရက်သတ္တပတ် အစီအစဉ် တွင်ပါ၀င် ဆင်နွဲခဲ့သည်။

၎င်းအထိမ်းအမှတ်နေ့ရက်တွင် မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျှက်ရှိသည့် ရွေးကောက်ပွဲဖြစ်စဉ်များနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများအတွက် အထောက်အပံ့အစီအစဉ်များနှင့် အမျိုးသမီးနိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီဝင် အမျိုးသမီးများအတွက် ထုတ်ဝေထားသည့် လက်စွဲစာအုပ်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ပါသည်။၎င်းအပြင် မြန်မာ့နိုင်ငံရေး အခြေနေအရပ်ရပ်တွင် အမျိုးသမီးများ ပါဝင်နှုန်း အခြေအနေများကို ထင်ဟပ်စေမည့် ဥာဏ်စမ်း မေးခွန်းများ Game အစီအစဉ်ကိုလည်း လာရောက်သူများနှင့်အတူ ပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် နိုင်ငံရေးတွင် ပါဝင်မှုနှင့် ပတ်သက်လာလျှင် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြရသည်။ ဆုံးဖြတ်ချက်ချရာတွင် ညီမျှမှုမရရှိခြင်း၊ ဗဟုသုတနှင့် ငွေရေးကြေးရေးဆိုင်ရာ အရင်းအမြစ်များကို ညီမျှစွာ မရရှိကြခြင်း၊ နိုင်ငံရေးပါတီဖွဲ့စည်းတည်ဆောက်ပုံအတွင်းတွင် အခွင့်အလမ်းများနည်းပါးခြင်းနှင့် အကြမ်းဖက်ခံရမှုနှင့် ခွဲခြားဆက်ဆံမှုခြိမ်းခြောက်မှုများ စသည်တို့ ကြုံတွေ့ကြရသည်။

နိုင်ငံရေးနှင့် ရွေးကောက်ပွဲဖြစ်စဉ်များတွင် မြန်မာအမျိုးသမီးများ ပိုမိုပါဝင်လာစေရန် ရည်ရွယ်ပြီးတော့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ၊ မဲဆွယ်စည်းရုံးရေး နည်းဗျူး၊ စွမ်းဆောင်ရည်မြင့်တင်ခြင်းများကို အမျိုးသမီးနိုင်ငံရေးသမားများ၊ အမျိုးသမီး ကိုယ်စားလှယ်လောင်းများ၊ လူငယ်အမျိုးသမီးများ လေ့လာနိုင်စေရန်အတွက် အခွင့်အလမ်းများကို STEP Democracy အနေဖြင့် ဖန်တီးပေးလျှက်ရှိပါသည်။

မြန်မာနိုင်ငံတွင် တန်းတူညီမျှပါ၀င်မှုကို ဆန့်ကျင်သည့် နိုင်ငံရေး၊ လူမှုစီးပွားရေးနှင့် လူမှုယဉ်ကျေးမှုဆိုင်ရာအတားအဆီးများကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံရေးတွင် တက်ကြွစွာပါ၀င် သည့်အမျိုးသားများနှင့် အမျိုးသမီးများအတွက် ပြည့်စုံသောလေ့လာသင်ယူမှုနည်းလမ်း လိုအပ်သည်။ STEP Democracy သည် ရပ်ရွာလူထုအတွင်း ခေါင်းဆောင်များပါ၀ င်နိုင်ရေးနှင့် စွမ်းဆောင်ရည်နိမ့်ကျခြင်းမရှိသော ကိုယ်စားပြုအုပ်စုများ၏ ဗဟုသုတနှင့်စွမ်းရည်တိုးတက်စေရန် ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ထောက်ပံ့ လုပ်ဆောင်သွားမည်ဖြစ်သည်။