'Support to Electoral Processes and Democracy - STEP Democracy'

တက်ကြွလှုပ်ရှား နိုင်ငံသား

03 June, 2020

(ဓာတ်ပုံ - STEP Democracy - ရှေ့သို့မြန်မာ၏ ပြည်သူ့နီတိအသိပညာပေးသင်တန်းတစ်ခုတွင် သင်တန်းများ ဆွေးနွေးနေကြစဉ်)

 

တက်ကြွလှုပ်ရှား နိုင်ငံသား

နိုင်ငံသားများအနေဖြင့် ဘယ်နည်းဘယ်ပုံ ပါဝင်ဆောင်ရွက်နိုင်သလဲ။

 

လူ့အဖွဲ့အစည်းအတွင်းထိရောက်စွာပါဝင်ဆောင်ရွက်မှု

တက်ကြွနိုင်ငံသားကောင်းတစ်ဦးဆိုသည်မှာ အခြားလူများ၏တန်ဖိုးများ၊ လိုအင်များကို လေးစားတန်ဖိုးထား တတ်ပြီး သက်ဆိုင်ရာ လူမှုအဖွဲအစည်း၏ အကျိုးကို သယ်ပိုးကြသူများဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း ထိရောက်စွာပါဝင်မှုဆိုရာတွင် နိုင်ငံသားများ လူမှုအဖွဲ့အစည်းတစ်ရပ် သာယာစိုပြည်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ကြခြင်းကိုဆိုလိုသည်။

လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း ထိရောက်စွာ ပါဝင်ဆောင်ရွက်ရာတွင် မိမိနှစ်သက်သည့် အဆင်ပြေမည့် နည်းလမ်းအမျိုးမျိုးဖြင့် ပါဝင်နိုင်ပေသည်။ ထိုသို့ပါဝင်ရာတွင် ပထမဆုံးအဆင့်အနေဖြင့် “တစ်သီးပုဂ္ဂ ပါဝင်ခြင်း” (ဉပမာ - အကြံပြုစာပေးပို့ခြင်း) နှင့် “အများနှင့်အတူ ယှဉ်တွဲပါဝင်ခြင်း” (ဉပမာ - အသင်းအဖွဲ့တစ်ရပ်ရပ်တွင် ပါဝင်ခြင်း) ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။ ဒုတိယအဆင့်အနေဖြင့် “တာဝန်အရ ပါဝင်ရခြင်း” နှင့် “အလွတ်သဘောပါဝင်ခြင်း” ဟူ၍လည်း ပါဝင်ပုံနည်းစနစ်ကို မူတည်၍ ထပ်မံခွဲခြားနိုင်သေးသည်။ “တာဝန်အရပါဝင်ခြင်း” တွင် မဲပေးခြင်း၊ ရုံးလုပ်ငန်းဦးစီးခြင်းတို့ပါဝင်ပြီး “အလွတ်သဘော ပါဝင်ဆောင်ရွက်ခြင်း” တွင် လုပ်အားပေးခြင်းနှင့် လူမှုလုပ်ငန်းများတွင် ထဲထဲဝင်ဝင် ဆောင်ရွက်ပေးခြင်းတို့ ဖြစ်ကြပေသည်။

လူမှုအဖွဲ့ဝင် အမျိုးမျိုး

လူမှုအဖွဲ့အစည်းတစ်ရပ်အတွင်း ပါဝင်မှုတွင် ထိုလူ့အဖွဲ့အစည်းက အဖွဲ့ဝင်များအား မည်သို့သော အခွင့်အရေးများပေးနိုင်မည်။ မည်သို့မည်ပုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်။ အဖွဲ့ဝင်များကလည်း ထိုလူ့အဖွဲ့အစည်း အကျိုးအတွက် မည်သို့ပြန်လည်ပေးဆပ်နိုင်မည်စသော သဘောတရားများကို အခြေခံထားသည်။ ထိုသို့ လူမှုအဖွဲ့အစည်းအကျိုးအတွက် ပြည်လည်ပေးဆပ်ရာတွင် မိမိတို့၏ ပြုမူဆောင်ရွက်ပုံများကို အခြေခံ၍ “လူမှုအဖွဲ့ဝင်” ပုံစံအမျိုးမျိုး ခွဲခြားနိုင်ပေသည်။ ထိုသို့သော အဖွဲ့ဝင်ပုံစံအမျိုးမျိုးတို့ထဲမှ အတွေ့ရများသော ပုံစံ (၃)မျိုး အောက်တွင် ဖော်ပြပေးထားသည်။

၁။ တာဝန်ယူစိတ်ရှိ လူမှုအဖွဲ့ဝင်

ဤလူမှုအဖွဲ့ဝင်များသည် တာဝန်ယူမှုကို လေးစားတန်ဖိုးထားကြပြီး လူအဖွဲ့အစည်းတစ်ရပ်တွင် ပါဝင်ခြင်းအတွက် သင့်တော်ရာတာဝန်များကို ထမ်းဆောင်ရမည်ဟု ခံယူထားသည်။ ဉပမာအနေဖြင့်  ဉပဒေစည်းမျဉ်းများကို လိုက်နာခြင်း၊ အရေးပေါ်အခြေအနေမျိုးတွင် ကူညီဆောင်ရွက်ပေးခြင်း၊ သွေးလှူဒါန်းခြင်း နှင့် အမှိုက်ကောက်ခြင်း အစရှိသည့် ကိစ္စရပ်များကို တာဝန်တစ်ရပ်ဟု ခံယူကြပြီး လိုက်နာကျင့်ကြံကြသည်။

၂။ လက်တွေ့ကျကျပါဝင်သည့် လူမှုအဖွဲ့ဝင်

“လက်တွေ့ကျကျပါဝင်သည့် လူမှုအဖွဲ့ဝင်” များသည် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်း၏ ပန်းတိုင်ရည်မှန်းချက်တို့ကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ရန်အတွက် လက်တွေ့ကျကျစီမံကြိုးပမ်းတတ်ကြပြီး အများနှင့်အတူ စုပေါင်းလုပ်ဆောင်ကြသည်။ ဆိုင်ကလုန်းကူညီကယ်ဆယ်ရေးအတွက် “တာဝန်ယူစိတ်ရှိလူမှုအဖွဲ့ဝင်” က စေတနာ့ဝန်ထမ်းအဖြစ်ကူညီပေးရန် ကြိုးစားမည်ဖြစ်ပြီး၊ “လက်တွေ့ဆန်သည့်လူမှုအဖွဲ့ဝင်" ကမူ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုတည်ထောင်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းမည်ဖြစ်သည်။

၃။ သမာသမတ်ကျ လူမှုအဖွဲ့ဝင်

“သမာသမတ်ကျ လူမှုအဖွဲ့ဝင်” များသည် လူမှုအခြေအနေတစ်ရပ်ကို ရှုထောင့်ပေါင်းစုံမှ ကြည့်မြင်တတ်ပြီး လိုအပ်ချက်ပေါ်မူတည်၍ ပြုမူကျင့်ကြံကြသည်။ ထိုလူမှုအဖွဲ့ဝင်များသည် “လူ့အဖွဲ့အစည်းတစ်ရပ်လုံး” ၏ ပြောင်းလဲတိုးတက်ရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်ကြပြီး လူမှုပြသနာများ အမြစ်ပြတ်ဖယ်ရှားနိုင်ရန် ဆန္ဒရှိတတ်ကြသည်။ ဉပမာအားဖြင့် လက်တွေ့ကျကျဆောင်ရွက်တတ်သည်။ လူမှုအဖွဲ့ဝင်က ဆိုင်ကလုန်းကူညီကယ်ဆယ်ရေး အဖွဲ့ဖွဲ့ပြီး လက်တွေ့ကျကျပါဝင်နိုင်ရန် ပြင်ဆင်နေချိန်တွင် “သမာသမတ်ကျလူမှုအဖွဲ့ဝင်”က မည်သူတို့က ဆိုင်ကလုန်း၏ဒဏ်ကို ပိုမိုခံစားရသည်။ နောင်သဘာဝ ဘေးအန္တရာယ်များ ကျရောက်ပါက မည်သို့သော အကာအကွယ်ပေးမှုများ စီမံထားနိုင်သည့် စသည်အထိပါ ရေရှည်စဉ်းစားတတ်ကြပြီး အကျိုးရှိရှိ အသုံးချတတ်ကြသည်။

လူ့အဖွဲ့အစည်းအတွင်းပါဝင်ခြင်း၏ အကျိုးတရားများ

လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းပါဝင်ခြင်းကြောင့် အကျိုးကျေးဇူးများစွာ ခံစားရနိုင်သည်။ အထူးသဖြင့်

  • ခေါင်းဆောင်များ၏ အာဏာကို ထိန်းချုပ်နိုင်မည်။
  • အစိုးရများ၊ ခေါင်းဆောင်များ အနေဖြင့် ပြည်သူတို့ဩ လိုးလားချက်များနှင့် သဘာဝအခြေအနေအမှန်တို့ကို သိမြင်လာကြမည်။
  • နိုင်ငံသားများ နိုင်ငံ့ရေးရာ ကိစ္စရပ်များတွင် ပါဝင်ဆုံးဖြတ်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးသည်။
  • လူ့အဖွဲ့အစည်း၏ တန်းဖိုးများ၊ လိုအပ်ချက်များကို ကိုယ်စားပြုမည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်။

လူ့အဖွဲ့အစည်းတစ်ရပ်၏ ကောင်းမွေ၊ ဆိုးမွေသည် ထိုအဖွဲ့အစည်းအတွင်း ပါဝင်သူများ၏ ဆုံးဖြတ်ချက် ကြီးငယ်တို့အပေါ် မူတည်နေပေသည်။ ထိုဆုံးဖြတ်ချက် တစ်ခုချင်းစီက အသုံးမဝင်အကျိုးမရှိဟု ထင်ရသော်လည်း မိမိတို့ မည်သို့မည်ပုံ ဆုံးဖြတ်ချက်ချသည်ကို အခြေခံပြီး မိမိသည်မည်သို့သော အဖွဲ့ဝင်မျိုးဖြစ်သည်၊ မည်သို့သော လူ့အဖွဲ့အစည်းတွင် ပါဝင်သည်ဟု ပိုင်းခြားသတ်မှတ်နိုင်ပေသည်။ ထိုဆုံးဖြတ်ချက်များက ကျွန်ုပ်တို့နေထိုင်ရာ လူမှုပတ်ဝန်းကျင်တစ်ရ၌်လုံးကို အကျိုးသက်ရောက်မှု ရှိနေပေသည်။

လူမှုအဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်ခြင်းမပြုနိုင်ရန် တားဆီးဟန့်တားသည့်အရာများ

လူ့အဖွဲ့အစည်း တစ်ရပ်တွင် တက်တက်ကြွကြွ ပါဝင်နိုင်ရန်အတွက် အဖွဲ့ဝင်တစ်ဦးလိုက်နာသင့်သည့် အမူအကျင့်များ၊ ပိုင်ဆိုင်အပ်သည့် အရည်အချင်းများကို အစဉ်အမြဲ လက်ကိုင်ထားကြရမည်ဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်စိတ်မွေးကြရန်လည်း လိုအပ်သည်။ သို့မှသာ လူ့အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုရေးရာ ကိစ္စရပ်အသီးသီးတို့တွင် တက်ကြွပါဝင်နိုင်ပေမည်။ ထိုကဲ့သို့ မဟုတ်ပဲ လူ့အဖွဲ့အစည်းဆိုင်ရာ အရေးအရာများတွင် ပါဝင်ခြင်းမရှိ၊ ဆွေးနွေးပြောဆိုခြင်းလည်း မရှိပါက ထိုအခြေအနေမျိုးကို “လူမှုအဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်ခြင်းမပြုနိုင်ရန် တားဆီးဟန့်တားသည့်အရာများ” ဟုခေါ်ဆိုနိုင်ပေသည်။

“လူမှုအဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်ခြင်းမပြုနိုင်ရန် တားဆီးဟန့်တားသည့်အရာများ” များအောက်ပါ အကြောင်းခြင်းရာတို့အပေါ်တွင်လည်း မှီနေပေသည်။

  • စီးပွားရေး ချွတ်ခြုံကျခြင်း
  • စာပေအသိနည်းပါးခြင်း၊ ခေတ်ပေါ်နည်းပညာမျးာကို အသိမမှီခြင်း
  • ကျန်းမာရေး ယိုယွင်းနေခြင်း
  • နေစရာ၊ စားစရာမရှိခြင်း
  • လူမျိုး၊ ဘာသာတို့ကို အခြေခံသည့် လူအချင်းချင်း ခွဲခြားဆက်ဆံတတ်သည့် အကျင့်ရှိခြင်း

တို့ဖြစ်သည်။