'Support to Electoral Processes and Democracy - STEP Democracy'

မြန်မာနိုင်ငံရှိ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို ပံ့ပိုးကူညီခြင်း

18 June, 2020

ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကြောင့် ရွေးကောက်ပွဲနှင့် သက်ဆိုင် ပါဝင်သည့် အဖွဲ့အစည်းများသည် ပြည်သူလူထုအားလုံးအတွက် အရေးပါတဲ့ ရွေးကောက်ပွဲကို ရွေ့ဆိုင်းမည်လား သို့မဟုတ် ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်နိုင်မည့် ရွေးကောက်ပွဲကိုကျင်းပမည်လားဆိုသည်ကို အကျပ်ရိုက်စဉ်းစားနေကြရသည့် အချိန်ကာလဖြစ်သည်။

သို့သော် ၂၀၂၀ခုနှစ် ဧပြီလလယ်တွင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခဲ့သည့် ကိုရီးယား သမ္မတနိုင်ငံ နှင့် သြဂုတ်လ ၂၀၂၀ တွင်ပါလီမန်ရွေးကောက်ပွဲများကျင်းပရန် စီစဉ်ထားသည့် သီရိလင်္ကာ နိုင်ငံ တို့ကဲ့သို့ ကောင်းသောအလေ့အကျင့်ကောင်း ဥပမာများကိုတွေ့ရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမည် ဟုသတ်မှတ်ထားရာ ရွေးကောက်ပွဲကော်မစ်ရှင်နှင့် ရွေးကောက်ပွဲဆိုင်ရာပါဝင်ပတ်သက်သူများက ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်လာနိုင်သည့် အန္တရာယ်များအားလျော့ချပီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို  မည်ကဲ့သို့ဆောင်ရွက်နိုင်မည်ဆိုသည်ကို ဆွေးနွေးကြရမည်ဖြစ်သည်။ အရပ်ဖက်အဖွဲ့အစည်းများအနေနှင့်လည်း ၎င်းတို့ရဲ့စိုးရိမ်မှုများနှင့် အပြုသဘောဆောင်သည့် ဖြေရှင်းနည်းများကို ဆွေးနွေးတင်ပြရေးကလည်း အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်။

ဥရောပသမဂ္ဂ၏ ရန်ပုံငွေ ထောက်ပံ့ထားဖြင့်ဆောင်ရွက်နေသည့် STEP Democracy - ရှေ့သို့မြန်မာ ၏  အစီအစဉ်တစ်ခုအနေဖြင့် ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ထောက်ပံ့ကူညီပေးရန်အတွက် Democracy Reporting International သည် ဧပြီလ၊ မေလ နှင့် ဇွန်လတို့တွင် ပုံမှန်အွန်လိုင်းအခြေပြုတွေ့ဆုံဆွေးနွေးပွဲများကို အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာကျွင်းကျင်သူများနှင့်အတူ ကျင်းပပြုလုပ်ပေးခဲ့သည်။ ဆွေးနွေးပွဲများတွင် သီရိလင်္ကာနိုင်ငံ၊ နယူးဇီယာလန်နိုင်ငံ၊ ဥရောပနှင့်အာဖရိကနိုင်ငံများကို မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် နှိုင်းယှဉ်လေ့လာနိုင်မည့်ဖြစ်စဉ်များအဖြစ်  အပြုသဘောဆောင်တဲ့ဆွေးနွေးချက်များဖြင့် မျှဝေဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲများတွင် အဓိကအားဖြင့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများက ကပ်ရောဂါကူးစက်ပြန့်ပွားသည့် ကာလအတွင်းတွင် သက်ရောက်လာနိုင်သည့် အန္တရာယ်များကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းကြမည်ဆိုသည်ကို ဆွေးနွေးကြခဲ့ကြပါသည်။

“ကျွန်မအနေနှင့် ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ခြင်းအားဖြင့် တခြားနိုင်ငံတွေရဲ့ ဖြစ်စဉ်များကို နှိုင်းယှဉ်လေ့လာနိုင်ခဲ့တဲ့အပြင် ဒီလိုအခက်အခဲတွေကို ကျော်လွှားဖို့ကြိုးစားနေရတာ ကိုယ်တွေနိုင်ငံတစ်နိုင်ငံတည်းမဟုတ်ပါလားဆိုတာ သိရှိလာခဲ့ပါတယ်။ ရွေးကောက်ပွဲအပေါ်သက်ရောက်လာနိုင်တဲ့ ကပ်ရောဂါကူးစက်မှုအန္တရာယ်များကို ဘယ်လိုများလျော့ချနိုင်ကြမလဲဆိုတဲ့ ဖြစ်နိုင်ချေရှိတဲ့နည်းလမ်းများကို ဆွေးနွေးရာတ္ငင်လည်း ကျွန်မရဲ့ ရှုထောင့်နှင့်အတွေးအမြင်များကို မျှဝေနိုင်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာရလိုက်တဲ့ဗဟုသုတများကိုလည်း ကျွန်မက နိုင်ငံရေးပါတီများနှင့်အစိုးရကို စည်းရုံးလှုံ့ဆော်တဲ့အခါကျရင် ချပြဆွေးနွေးသွားမည်ဖြစ်သလို ဆိုရှုယ်မီဒီယာကနေ ပြည်သူလူထုအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးအနေနှင့်မျှဝေပေးရာတွင်လည်း အသုံးချသွားမှာဖြစ်ပါတယ်။” ဟု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

STEP Democracy - ရှေ့သို့မြန်မာ အနေဖြင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးနှင့် ရွေးကောက်ပွဲဆိုင်ရာစည်းရုံးလှုံ့ဆော်ရေးတို့တွင် ပါဝင်လှုပ်ရှားနေကြသော ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များကို တိုးတက်လာစေရန်အတွက် ကပ်ရောဂါကူးစက်နေသည့်ကာလအတွင်းတွင်လည်း ရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ အပေါ်ဆွေးနွေးမည့် အွန်လိုင်းအခြေပြုဆွေးနွေးပွဲများကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။