'Support to Electoral Processes and Democracy - STEP Democracy'

နိုင်ငံရေးပါတီများအတွက် မူဝါဒရပ်တည်မှုဆိုင်ရာ နည်းလမ်းများ ကူညီခြင်း

16 July, 2020

၂၀၂၀ ပြည်ထောင်စုရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ဆန္ဒမဲပေးကြမည့်သူများသည် သူတို့၏ ရွေးချယ်စရာများကို စူစမ်းကြပါသည်။ ထို့ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် မူဝါဒအရဖြေရှင်းရမည့် အရာများအပေါ်တွင် ကြောင်းကျိုးဆီလျော်သည့် ရပ်တည်ချက်များကို တင်ပြသင့်ပြီး၊ ထိုရပ်တည်ချက်များဖြင့် အနိုင်မဲများကို အာရုံစိုက်နိုင်ပါမည်။ မဲပေးသူ ပြည်သူများအနေဖြင့်လည်း ၎င်းတို့အတွက် အရေးကြီးသော ကိစ္စရပ်များအပေါ်တွင် ရပ်တည်မှုနှင့် မူဝါဒအပေါ်အခြေခံပြီး မည်သူ့ကိုမဲပေးရမည်ကို သိနိုင်ပါလိမ့်မည်။

သို့သော်လည်း မြန်မာနိုင်ငံကဲ့သို့သော ဒီမိုကရေစီထွန်းသစ်စနိုင်ငံတွင် နိုင်ငံရေးပါတီများ၏ မူဝါဒရပ်တည်ချက်များကို ယေဘုယျအားဖြင့် ပြည်သူများက သိရှိခြင်းမရှိကြပါ။ ထောက်ပံ့ပေးသော ခေါင်းဆောင်၏ လွှမ်းမိုးမှု နှင့် ရွေးကောက်ခံမည့် နိုင်ငံရေးခေါင်းဆောင်၏ ကိုယ်ရည်ကိုယ်သွေးများကို အခြေခံပြီး ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်မှုများကို နိုင်ငံတော်တော်များများ တွင်ပြုလုပ်ကြသည်။ သို့ပါသောကြောင့် နိုင်ငံရေးပါတီများသည် ရှင်းလင်းသောမူဝါဒလမ်းစဉ်များကို တည်ဆောက်ရန်လိုအပ်ပါသည် သို့မှသာ မဲပေးသူပြည်သူများအနေဖြင့် နိုင်ငံရေးပါတီများ၏ မတူညီသော တန်ဖိုးထားမှုများ၊ အတွေးအခေါ်များ မူဝါဒများကို သိရှိကြမှာဖြစ်ပါသည်။

ထို့ကြောင့် ဥရောပသမဂ္ဂ၏ ငွေကြေးပံ့ပိုးထားသော “STEP Democracy - ရှေ့သို့မြန်မာ” လုပ်ငန်းအစီအစဉ်သည် နိုင်ငံရေးပါတီများအတွက် မူဝါဒရပ်တည်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အကောင်အထည်ဖော်ခဲ့ပါသည်။ ယခု အလုပ်ရုံဆွေးနွေးပွဲများသည် နိုင်ငံရေးပါတီများ ၎င်းတို့၏ မူဝါဒရပ်တည်မှုများကို ဖော်ထုတ်ရန် နှင့် အထောက်အကူပြုရန် ပြင်ဆင်ပေးပြီးနောက် ယင်းလမ်းစဉ်များကို တည်ဆောက်ရာတွင် ပါတီများကို ထောက်ပံ့ပေးပါသည်။ နောက်ဆက်တွဲအနေဖြင့် မူဝါဒရပ်တည်မှုသည် မဲပေးသူများကို ပါတီမူဝါဒကိုလေ့လာရန် အသိပညာပေးခြင်းအပြင်၊ ပါတီများ ၎င်းတို့၏ ခိုင်မာပြီး ကွဲပြားသော မူဝါဒကြေငြာစာတမ်း ဖော်ထုတ်ရေးသားရန် ကူညီပြီးနောက် အလွန်အရေးပါသော ပါတီစုံသဘောတူညီချက်အား ပံ့ပိုးပေးသည်။

ထိုကြောင့် ဥရောပသမဂ္ဂ၏ ငွေကြေးပံ့ပိုးထားသော “STEP Democracy - ရှေ့သို့မြန်မာ” လုပ်ငန်းအစီအစဉ် ၏ လက်အောက်တွင် မြန်မာနိုင်ငံရေးသင်တန်းကျောင်းသည်  နိုင်ငံရေးပါတီများ၏ မူဝါဒရပ်တည်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စီစဉ်ခဲ့ပါသည်။

ရှမ်းပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီး တွင် အလုပ်ရုံဆွေးနွေးပွဲနှစ်ခု စီစဉ်ပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကာလတွင် မဲပေးခြင်းအထောက်အကူပြုအက်ပလီကေးရှင်းကို မိတ်ဆက်ခြင်းပြုခဲ့ပါသည်။ နိုင်ငံရေးပါတီများ ၎င်းတို့၏ မူဝါဒနှင့် ရွေးကောက်ပွဲကြေငြာစာတမ်းများ ထုတ်ဖော်ရေးသားနေစဉ် အစစ်အမှန်ဖြစ်ပြီး ကျိုးကြောင်းဆီလျော်သော ရွေးကောက်ပွဲဆိုင်ရာ ခေါင်းစဉ်များကို အာရုံစိုက်ရန် လမ်းညွှန်ပေးသည်။

ရှမ်းပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နိုင်ငံရေးပါတီ၏ ကိုယ်စားလှယ်များသည် ၎င်းတို့၏ ဒေသတွင်းဖြစ်ပေါ်နေသော ကိစ္စရပ်များ နှင့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းတို့၏ မူဝါဒအပေါ် အခြေခံ၍ ထိုကိစ္စရပ်များအတွက် အဖြေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ မတူညီသော ဆွေးနွေးပွဲနှစ်ခုတွင် အချို့သော ကိစ္စရပ်များသည် ဆင်တူပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးတွင် ဖြစ်နေသော ကိစ္စများဖြစ်နေပြီး အချို့မှာ ပြည်နယ်နှင့်တိုင်းဒေသကြီးပေါ်မူတည်ပြီး ကွဲပြားနေပါသည်။ ဥပမာအနေဖြင့်ဆိုရသော် ရှမ်းပြည်နယ်တ္ငင်ပြုလုပ်သော ဆွေးနွေးပွဲတွင် သတ္တုတွင်းကိစ္စများ၊ မြေယာကိစ္စများ၊ မူးယစ်ဆေးဝါး၊ ဘိန်းစိုက်ခင်းများ နှင့် ဘိန်းအစားထိုးစိုက်ခင်းများအကြောင်းဆွေးနွေးခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး၏ ဆွေးနွေးပွဲတွင် ငါးဖမ်းလုပ်ငန်းများ၊ ရေသယံဇာတများ၊ ခရီးသွားလုပ်ငန်း နှင့် လျှပ်စစ်ကိစ္စရပ်များပါဝင်ပါသည်။ ကိုယ်စားလှယ်များသည် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့၏ တာဝန် နှင့် ဝတ္တရားများ၊ ပါဝါများ၊ အာဏာများ နှင့် ရသုံးမှန်းခြေငွေစာရင်းများ အကြောင်းကို ယခုအလုပ်ရုံဆွေးနွေးပွဲတွင် သင်ယူခဲ့ကြရသည်။

“နိုင်ငံရေးပါတီများအနေဖြင့် ခိုင်မာသောမူဝါဒများရေးဆွဲရန် အချက်အလက်များကို ပြည်သူလူထုထံမှ ကောက်ခံရန် လိုအပ်ပါတယ်။ သို့မှသာ မူဝါဒသည် ပြည်သူလူထု၏လိုအပ်ချက်နှင့် ကိုက်ညီမှာဖြစ်တယ်။ ထို့အပြင် ပြည်သူလူထုအနေဖြင့် ကိုယ့်ဒေသကိစ္စရပ်များကို အားရုံစိုက်ပြီး စိတ်ဝင်စားမှုရှိရန် ပါတီများအနေဖြင့်လည်း လှုံ့ဆော်ပေးသင့်ပါတယ်။” ဟု ဆွေးနွေးပွဲတက်ရောက်သူတစ်ဉီးမှ မှတ်ချက်ပြုသည်။

များပြားလှသော ကိစ္စရပ်များအပေါ်  ပါတီများ၏ မူဝါဒရပ်တည်မှုများသည် အနာဂတ်တွင် နိုင်ငံ၏မူဝါဒရေးဆွဲရာတွင် အရေးပါလှသည်။ အရက်ဖက်အဖွဲ့အစည်း နှင့် မဲဆန္ဒရှင်းများသို့ ထိတွေ့ပြီး ၎င်းတို့၏ ရှင်းလင်းတင်ပြမှုများမှတဆင့် နိုင်ငံရေးပါတီများသည် သင့်လျော်သောကိစ္စရပ်များကိုနားလည်ပြီး ၎င်းတို့၏ တန်ဖိုးထားမှုနှင့် မျှော်မှန်းချက်များအပေါ် အခြေခံ၍  အကောင်းဆုံးအဖြေကို ရှာဖွေနိုင်ပါသည်။ ထိုနည်းလမ်းဖြင့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကာလတွင် ပြည်သူလူထုကို လက်တွေ့ကျသော ကတိများကို ပေးနိုင်ပါလိမ့်မည်။ ထို့ကြောင့် မူဝါဒရပ်တည်မှုသည် ပိုမိုတာဝန်ယူမှု၊ တာဝန်ခံမှု နှင့် ပိုမိုအစီအစဉ်ကျသော ပါတီများဖြစ်လာရန် အရေးကြီးသော ခြေလှမ်းဖြစ်သည်။