ဒီမိုကရေစီနည်းအားဖြင့်ရွေးကောက်တင်မြှောက်သည့် ဒေသန္တရအစိုးရဆိုသည်မှာ လူထုနှင့် ပေါင်းကူးဆက်သွယ်ပေးသည့် ပထမအလွှာတစ်ခုဖြစ်ပြီး နိုင်ငံသားများ၏ အဓိကျသည့် ဦးစားပေးလိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့်အစိုးရတစ်ရပ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှစ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီများကို ဖွဲ့စည်းခဲ့သည့်အချိန်မှ ဒေသန္တရအုပ်ချုပ်ရေးစနစ်ကို ပျိုးထောင်ရန်အစပြုနေခဲ့သည်။
မြန်မာနိုင်ငံ၏ ဒေသန္တရအစိုးရသည် လူမှု့ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ၊ အများပြည်သူနှင့် ထိတွေ့ဆက်ဆံခြင်း၊ အခွန်ကောက်ခြင်း၊ စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ အားစွမ်းဆောင်ရေးတိုးမြင့်ရေးဆိုင်ရာလုပ်ငန်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပတ်သက်၍ လုပ်ငန်းလည်ပတ်မှုဆိုင်ရာနှင့် ဖွဲ့စည်းတည်ဆောင်မှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးများကလည်း လူထုကို ရှေ့တန်းမှတိုက်ရိုက်တုံ့ ပြန်သူများဖြစ်ပြီး နိုင်ငံတော်မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးတွင် တာဝန်ရှိသူများလည်းဖြစ်သည်။
ဒေသန္တရအစိုးရများ၏ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ကြရန် ရည်ရွယ်၍ Democracy Reporting International - DRI နှင့် Danish Institute for Parties and Democracy (DIPD) တို့သည် New Myanmar Foundation (NMF) နှင့် ပူးပေါင်း၍ ‘တာဝန်ခံမှုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အခြေခံသော မြန်မာနိုင်ငံ၏ဒေသန္တရအစိုးရစနစ်’ ခေါင်းစဉ်ဖြင့် ဖိုရမ်ကို ဇူလိုင်လ ၁၅ရက်မှ ၁၇ ရက် အထိ ကျင်းပပြုလုပ်ခဲ့သည်။
ဖိုရမ်တက်ရောက်သူများဖြစ်ကြသည့် မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးကော်မတီများမှ အဖွဲ့ဝင်များသည် ပိုမိုဒီမိုကရေစီနည်းကျ၍ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မည့် ဒေသန္တရအစိုးရ ဖြစ်ပေါ်လာ နိုင်မည့် အခွင့်အလမ်းများနှင့်စိန်ခေါ်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြသည့်အပြင် နိုင်ငံတော် ၏မူဝါဒလမ်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်သင့်သည့်နည်းလမ်းများပါ ဆွေးနွေးခဲ့ကြသည်။ သီရိလင်္ကာနိုင်ငံနှင့် နီပေါနိုင်ငံတို့မှ ဒေသန္တရအစိုးရအရာရှိများနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များကလည်း ဖိုရမ်ကိုတက်ရောက်ခဲ့ကြပြီး မကြာသေးခင်ကမှ ဒေသန္တရအဖွဲ့အစည်းများကို ရွေးကောက်တင်မြောက်ထားသော နိုင်ငံများ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာအတွေ့အကြုံများအကြောင်းကို မျှဝေဆွေးနွေးသွားခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရွေးကောက်တင်မြောက်ခံမြို့နယ်အရာရှိများကလည်း ကမ္ဘာလုံးဆိုင်ရာမဲပေးခွင့်နှင့်အညီ ပထမဆုံအကြိမ်ကျင်းပခဲ့သော ရန်ကုန်တိုင်း စည်ပင်သာယာ အဆင့်ဆင့် ကော်မတီများ ရွေးကောက်ပွဲများဆိုင်ရာ အတွေ့အကြုံများကိုမျှဝေပေးခဲ့သည့်အပြင် တက်ရောက်လာသူများကလည်း တိုင်းနှင့်ပြည်နယ်များတွင် ဒီမိုကရေစီနည်းအားဖြင့်ရွေး ကောက်တင် မြောက်သောဒေသန္တရအဖွဲ့အစည်းများပေါ်ပေါက်လာစေနိုင်မည့် ဖြစ်နိုင်ချေရှိသည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ဖိုရမ်တက်ရောက်လာသူများသည် ပိုမိုတာဝန်ခံမှုရှိ၍ အကောင်အထည် ဖော်ဆောင်ရွက်နိုင်သော ဒေသန္တရအုပ်ချုပ်ရေးစနစ်တစ်ရပ်ဖြစ်ပေါ်လာရေးကိုရှေးရှု၍ ပိုမိုအားကောင်းသော ဒေသန္တရအဖွဲ့အစည်းများဖြစ်ထွန်းလာစေရန် အောက်ခြေမှ အထက်သို့ချဉ်းကပ်နည်းအားဖြင့် ဒေသန္တရအာဏာပိုင်များနှင့် မဲဆန္ဒရှင်များအချင်းချင်း အပြုသဘောဆောင်သည့် တွေ့ဆုံဆက်ဆံခြင်းမျိုးရှိသင့်ကြောင်းကို သဘောတူဆွေးနွေးခဲ့ကြသည်။
“ကျွန်မကတော့ အခုလို ကပ်ရောဂါဖြစ်နေတဲ့ ကာလအတွင်းမှာ ကျွန်မမြို့နယ်တွင်းက လူတွေရဲ့ စီးပွားရေးနှင့် ကျန်းမာရေးဆိုင်ရာလုံခြုံရေးကိစ္စရပ်များနှင့် လူမှုဖူလုံရေးလုပ်ငန်းများကို အောက်ခြေအထိဆင်းပြီး အလုပ်လုပ်ပေးနိုင်လို့ ဝမ်းသာပါတယ်။ လူထုအနေနဲ့ တာဝန်ခံယူနိုင်ပြီး ပါဝင်ဆောင်ရွက်တဲ့ ဒေသန္တရအစိုးရရဲ့ အရေးပါပုံကို နားလည်လောက်မယ်လို့လည်းထင်ပါတယ်။ ဗဟိုအစိုးရမှ ပိုမို၍ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းနှင့် ပူးပေါင်းပါဝင်ခြင်းတို့ကိုလည်း မျှော်လင့်ပါတယ်။ ဒီအွန်လိုင်းအခြေပြုဆွေးနွေးပွဲမှတဆင့် တခြားနိုင်ငံတွေရဲ့ဖစ်ဒရယ်ဆိုင်ရာပြုပြင်ပြောင်းရေး လုပ်ငန်းတွေအကြောင်းနဲ့ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာစီမံခန့်ခွဲမှုအတွေ့အကြုံတွေကို လေ့လာနိုင်ခဲ့ပါတယ်။” ဟု ဒလမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌဖြစ်သူ ဒေါ်မြင့်မြင့်ကြည်မှ ပြောသည်။