'Support to Electoral Processes and Democracy - STEP Democracy'

၂၀၂၀ ရွေးကောက်ပွဲ။ ဒီမိုကရေစီကိုမီးမောင်းထိုးပြခြင်း

15 September, 2020

ကိုဗစ်-၁၉ ကပ်ရောဂါ၏ စိန်ခေါ်မှုများရှိနေသော်လည်း မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲကို ကျင်းပရန် ပြင်ဆင်ထားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းနှင့် ရွေးကောက်ပွဲဒီမိုကရေစီ ခိုင်မာစေရန် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့သည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် အဓိကပါဝင်ပါတ်သက်နေသူများကို တိုးတက်မှုခြေလှမ်းများအတွက် ပြန်လည်ထင်ဟပ်နိုင်ရန် အခွင့်အရေးတစ်ခုဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှု့အဖွဲ့အစည်းများသည် ၂၀၂၀ ရွေးကောက်ပွဲကို မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်များအားလုံး ပူးပေါင်းပါဝင်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး ဒီမိုကရေစီ လုပ်ငန်းစဉ်ကို အားကောင်းစေရန်နှင့် နိုင်ငံသားတို့ လိုလားသော ဒီမိုကရေစီကို ရရှိနိုင်ရန် စွမ်းဆောင်နေကြခြင်းဖြစ်သည်။

ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အကြံပြုချက်များကို အကောင်အထည်ဖော်ခြင်း

ဥရောပသမဂ္ဂ၏ ရံပုံငွေထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်နေသော ‘ဒီမိုကရေစီနှင့် ရွေးကောက်ပွဲလုပ်ငန်းများအားပံ့ပိုးကူညီခြင်း - STEP Democracy’ အစီအစဉ်နှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ် ဥရောပသမဂ္ဂ၏ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအကြံပြုချက်များကို ဆောင်ရွက်ရန် ရွေးကောက်ပွဲစီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ခြင်း၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ပိုမိုထိတွေ့ဆက်ဆံခြင်း၊ ဌာနအတွင်း ဆက်သွယ်ရေးလုပ်ငန်းများကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ခြင်း၊ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်းလုပ်ငန်းများကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဆောင်ရွက်ခြင်းနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်နှင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များအား ပြင်ဆင်မွမ်းမံ၍ ထုတ်ဝေခြင်းတို့ကို ဆောင်ရွက်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျုမှ Facebook နှင့်အတူ STEP အစီအစဉ်ဖြင့် Facebook ၏ ကွန်မြူနတီ စံချိန်စံညွှန်းများကို မိတ်ဆက်ရန်နှင့် ကော်မရှင်ခွဲများ၏ Facebook စာမျက်နှာများကို အတည်ပြုပေးရန် ရွေးကောက်ပွဲကော်မရှင်ခွဲ ၁၄ ခုလုံးအတွက် ဆောင်ရွက်သော အလုပ်အရုံဆွေးနွေးပွဲများကို လက်ခံဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းသည် ကော်မရှင်ခွဲများ၏ Facebook စာမျက်နှာများမှ မဲဆန္ဒရှင်များသို့ ဆက်သွယ်ခြင်း၊ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်းနှင့် သတင်းမှားများကိုတုံ့ပြန်ခြင်းတို့အတွက် တိုးတက်မှုရှိစေပါသည်။

အရပ်ဖက်အဖွဲ့အစည်းများနှင့် အပြုသဘောဆောင်သော ချိပ်ဆက်မှုများ

ပြည်သူ၏ စုံစမ်းမေးမြန်းမှု များပြားလာသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့အစည်းများနှင့် International IDEA နှင့် Democray Reporting International (DRI) တို့မှ ပူးပေါင်းပံ့ပိုးပေးသော STEP အစီအစဉ်၏ အလုပ်ရုံဆွေးနွေးပွဲတွင် ရွေးကောက်ပွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်များကို ပြန်လည်း သုံးသပ်ရန် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းဆွေးနွေးပွဲမှတစ်ဆင့် ရရှိခဲ့သော် အကြံပြုချက်များကိုထည့်သွင်းစဉ်းစား၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ပြန်လည်ဖြည့်စွက်ပြင်ဆင်ထားသော ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန်များကို ထုတ်ပြန်ခဲ့သည်။ ထို့ပြင် STEP နှင့် CEPPS တို့၏ ကူညီပံ့ပိုးမှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဦးဆောင်ကျင်းပသော တွေ့ဆုံဆွေးနွေးပွဲတွင် အရပ်ဖက်အဖွဲ့အစည်း ၇၆ ဖွဲ့ဖြင့် ကိုဗစ်-၁၉ ၏ စိန်ခေါ်ချက်များနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဆွေးနွေးခဲ့ကြသည်။ ၎င်းတွေ့ဆုံဆွေးနွေးပွဲသည် နှစ်ဘက်စလုံးမှ စိုးရိမ်ချက်များနှင့် ၎င်းတို့၏ အခန်းကဏ္ဍနှင့် မျှော်လင့်ချက်များကို ဆွေးနွေးခဲ့ကြသည်။ ပြည်သူ့အရေးကိစ္စရပ်များတွင် ပါဝင်ခွင့် အတွက် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုများကို လျှော့ချ၍ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။ STEP နှင့် ပူးပေါင်းဆောင်ရွက်သော အကြုံပြုတောင်းဆိုမှုဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ အစုအဖွဲ့ ‘၂၀၂၀ မျှော်မှန်းချက် ကမ်ပိန်းလှုပ်ရှားမှု’ သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မှရှင်နှင့် ဆက်လက်၍ အပြုသဘောဆောင်သော တွေ့ဆုံမှုများပြုလုပ်ပြီး ရွေးကောက်ပွဲကျင်းပရာတွင် ပွင့်လင်းမြင်သာမှုနှင့် ၎င်းတို့၏ အခန်းကဏ္ဍများကို အပြန်အလှန် လေးစားနိုင်ရေး အကြုံပြုတောင်းဆိုခဲ့ကြသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများသည်လည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ဆိုရှယ်မီဒီယာကို DRI ၏ ပံ့ပိုးမှုဖြင့် ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် ပြုစုခဲ့သည့် STEP မဟာဗျူဟာအစီအစဉ်ရေးဆွဲထားခြင်းမှ နည်းလမ်းများကို အခြေခံ၍ လေ့လာစောင့်ကြည့်ရန် ပြင်ဆင်နေကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် DIPD မှပံ့ပိုးကူညီပေးသော STEP ၏ နိုင်ငံတဝန်း တွေ့ဆုံဆွေးမှုများဖြင့် ၎င်း၏ ကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် နိုင်ငံရေးပါတီများသို့ ပိုမိုထိတွေ့ဆက်ဆံခဲ့သည်။ ၎င်းတွေ့ဆုံဆွေးနွေးမှုများသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ (ဥပမာအားဖြင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းနှင့် မဲဆွယ်အသုံးစရိတ်)၊ အငြင်းပွားမှုများဖြေရှင်းခြင်းနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်းတို့ကို အဓိကထားဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးပါတီများတွင် အမျိုးသမီးများနှင့် လူငယ်များပူးပေါင်းပါဝင်မှုကို မြှင့်တင်ခြင်း

ဒီမိုကရေစီ၏ ဂိတ်မှူးများဟုတင်စားခေါ်ဝေါ်နိုင်သော မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများသည် DIPD နှင့် Netherlands Institute for Mulitipary Democarcy NIMD/DEMO Finland တို့မှ အမျိုးသမီးအဖွဲ့များနှင့် လူငယ်အဖွဲ့များကဲ့သို့သော ပါတီအတွင်းဖွဲ့စည်းတည်ဆောက်ပုံများနှင့်ဆိုင်သော STEP အစီအစဉ်ဖြင့် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းတို့မှ လေ့လာမှုများဖြင့် အမျိုးသမီးနှင့် လူငယ်တို့၏ အသံများဖော်ထုတ်နိုင်ရန် ပါတီအတွင်း ဒီမိုကရေစီ အားကောင်းရန် ဆောင်ရွက်ကြသည်။ နိုင်ငံရေးပါတီ ၂၀ ကျော်မှ ကွန်ယက်ချိပ်ဆက်၍ DIPD မှစီစဉ်ဆောင်ရွက်သော ပါတီပေါင်းစုံတွေ့ဆုံပွဲများမှတစ်ဆင့် အမျိုးသမီးများနှင့် လူငယ်များ နိုင်ငံရေးတွင် ပိုမိုပူးပေါင်းပါဝင်လာနိုင်ရေး လုပ်ငန်းအစီအစဉ်များ ရေးဆွဲခဲ့ကြသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရာတွင် အမျိုးသမီးနိုင်ငံရေးသမား ၁၀၀ ကျော်က DIPD နှင့် NIMD/DEMO Finland တို့မှ ပံ့ပိုးဆောင်ရွက်သော STEP အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းများတွင် လူထုဟောပြောခြင်းပညာရပ်အပါအဝင် မဲဆွယ်စည်းရုံးရေး အရည်အသွေးများဖြစ်သော လေ့လာခဲ့ကြပြီး မြန်မာ့နိုင်ငံရေးစနစ်၊ နိုင်ငံရေးပါတီများ၏ ကျင့်ဝတ်များကိုလည်း လေ့လာခဲ့ကြသည်။ ဆိုရှယ်မီဒီယာမှ ထွက်ပေါ်လာသော စိန်ခေါ်မှုများကြောင့် နိုင်ငံရေးပါတီကိုယ်စားလှယ်များသည် DIPD နှင့် Facebook တို့ပူးပေါင်းဆောင်ရွက်သော STEP ၏ အလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့် Facebook ၏ ကွန်မြူနတီ စံချိန်စံညွှန်း၊ အမုန်းစကားများနှင့် သတင်းမှားများကို အကြောင်းကြားနိုင်သော ယန္တယားများနှင့် စာမျက်နှာများကို စိစစ်အတည်ပြုခြင်းများအကြောင်းလေ့လာခဲ့ကြသည်။

နိုင်ငံရေးပါတီများသည် NIMD/DEMO မှပြုလုပ်သော နိုင်ငံရေးပါတီကိုယ်စားလှယ် ၁၇၀ ကျော်ပါဝင်သည့် STEP သင်တန်းများမှ တစ်ဆင့် ပဋိပက္ခဖြေရှင်းခြင်း အခြေခံမူများ၊ စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်း အရည်အသွေးများကို လေ့လာခဲ့ကြသည်။ နိုင်ငံရေးပါတီ ၂၅ ပါတီအတွက် ကျင်းပပြုလုပ်သော မူဝါဒများချမှတ်ခြင်း ဒေသန္တရအဆင့် အလုပ်ရုံဆွေးနွေးပွဲများသည် နိုင်ငံရေးပါတီများအတွက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ၎င်းတို့၏ရွေးကောက်ပွဲဆိုင်ရာ အစီအစဉ်များအတွက် ကြိုတင်ပြင်ဆင်ရန် အထောက်အကူဖြစ်စေခဲ့သည်။

ဒေသန္တရအဆင့်တွင် DRI မှ ကျင်းပသော STEP အမျိုးသမီး အကယ်ဒမီတွင် တက်ရောက်သူ ၁၅၀၀ ကျော်ရှိခဲ့ပြီး စည်ပင်သာယာရေးကော်မတီဝင် အမျိုးသမီးများအနေဖြင့် မြို့နယ်လူထုနှင့် ထိတွေ့၍ စည်ပင်သာယာရေး ဖွဲ့ဖြိုးတိုးတက်မှုများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးပြီး ပြည်သူလူထု၏ စိုးရိမ်ချက်များကို တုန့်ပြန်ဆောင်ရွက်ပေးနိုင်ရန် အထောက်အကူဖြစ်ခဲ့သည်။

နိုင်ငံသားနှင့် မဲဆန္ဒရှင်ဆိုင်ရာ အသိပညာပေးခြင်း

စကော်လာအင်စတီကျု၊ ပညာအင်စတီကျုနှင့် ပဒေသာမိုးအဖွဲ့အစည်းတို့မှ စီစဉ်ဆောင်ရွက်သော ဝေးလံခေါင်ဖျားသော ဒေသရှိ မဲဆန္ဒရှင် အသစ်များ၊ အမျိုးသမီးများ၊ လူငယ်များအတွက် STEP နိုင်ငံသားနှင့် မဲဆန္ဒရှင် အသိပညာပေးသင်တန်းများမှတစ်ဆင့် အများပြည်သူများ အကျိုးရှိခဲ့ပါသည်။ ကိုဗစ်-၁၉ ထိန်းချုပ်ကန့်သတ်မှုများမရှိမီ အရွယ်ရောက်ပြီးသူများ ၁၅၀၀ ကျော်နှင့် ကျောင်းသားများနှင့် ဆရာ/ဆရာမ ၂၀၀ ကျော်တို့အတွက် ကချင်၊ ချင်း၊ မကွေး၊ ဧရာဝတီစသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နိုင်ငံသားအသိပညာပေးသင်တန်းများ ကျင်းပပြုလုပ်ခဲ့သည်။ မဲဆန္ဒရှင်အသိပညာပေးသင်တန်းများနှင့် လှုံ့ဆော်မှုများကို ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီအထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဦီးဆောင်မှုဖြင့် STEP Democracy မှ ထောက်ပံ့သော ‘MyVote’ တီဗီအစီအစဉ်များကို ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် မဲဆန္ဒရှင်များ ရင်ဆိုင်ရသော စိန်ခေါ်ချက်များနှင့် သတင်းအချက်အလက်များကို ရှုထောင့်အမျိုးမျိုးမှ အများပြည်သူသိရှိနိုင်စေရန် တင်ဆက်ခဲ့သည်။

STEP Democracy နှင့် The Asia Foundation (TAF) တို့ပူးပေါင်းဆောင်ရွက်သော ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များပါဝင်သော ‘Mvoter2020’ ကဲ့သို့သော  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အတည်ပြုပေးသော မိုဘိုင်း အပ်ပလီကေးရှင်းများကိုလည်း ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ မဲဆန္ဒရှင်များ တိကျမှန်ကန်သော သတင်းအချက်အလက်များကို အချိန်မီရရှိနိုင်ရန် ထုတ်ဝေသွားမည်ဖြစ်သည်။

ဒီမိုကရေစီသည် လုပ်ငန်းစဉ်တစ်ခုဖြစ်သကဲ့သို့ ပန်းတိုင်တစ်ခုလည်းဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာပါဝင်ပါတ်သက်သူများသည် နိုင်ငံသားအားလုံး ရွေးကောက်ပွဲတွင် ပါဝင်လာနိုင်ရေးလည်း စိတ်စေတနာကောင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပေသည်။ ဒီမိုကရေစီနေ့နှင့် ကိုဗစ်-၁၉ ကာလတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ပါဝင်ပါတ်သက်သူများကို ၎င်းတို့၏ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်နေကြခြင်းအတွက် မီးမောင်းထိုးဖော်ပြရန် အချိန်ကောင်းပင်ဖြစ်သည်။