'Support to Electoral Processes and Democracy - STEP Democracy'

မဲဆန္ဒရှင် အသိပညာပေး သင်တန်းလက်စွဲ

22 September, 2020

ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန် ရွေးချယ်မဲပေးတတ်ဖို့ မဲဆန္ဒရှင်အသိပညာလုပ်ဆောင်ချက်များလိုအပ်ပါသည်။ လာမည့် ၂၀၂၀ မြန်မာ့အထွေထွေ ရွေးကောက်ပွဲအတွက် ကူညီလုပ်ကိုင်ဆောင်ရွက်နေသည့် STEP Democracy - ရှေ့သို့မြန်မာ၏ လုပ်ငန်းစဉ်များထဲတွင် ဒီမိုကရေစီနိုင်ငံသားနှင့် မဲဆန္ဒရှင်အသိပညာ ပေးအစီအစဉ်တွေလည်း ပါဝင်ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မဲဆန္ဒရှင်များအတွက် မဲဆန္ဒရှင်အသိပညာပေး သင်တန်းများ ပြုလုပ်ပေးနိုင်ရန် ရည်ရွယ်ပြီး ဥရောပ သမဂ္ဂ၏ ရံပုံငွေအကူအညီနှင့် ဆောင်ရွက်နေသည့် STEP Democracy - ရှေ့သို့မြန်မာ အစီအစဉ်အောက်တွင် International IDEA Myanmar အဖွဲ့သည် ပြည်တွင်း မိတ်ဆက်အဖွဲ့အစည်းများဖြစ်ကြသည့် Paññā Institute၊ Scholar Institute၊ Badeidha Moe Civil Society Organization တို့နှင့်အတူ မဲဆန္ဒရှင်အသိပညာပေး သင်တန်းလက်စွဲ စာအုပ်ကို ရေသား ပြုစုထားပြီးဖြစ်ပါသည်။ 

အဆိုပါ စာအုပ်ကို အသုံးပြုပြီး မဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲမတိုင်မီ သင်တန်းများကို ပြုလုပ်ပေးသွားမှာဖြစ်ပါသည်။ ယခုစာအုပ်ကို တခြား လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့အနေဖြင့် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများကို မိမိတို့၏ လုပ်ငန်းနယ်ပယ်ထဲတွင် အသုံးပြုနိုင်ရန်အတွက် မဲဆန္ဒရှင်အသိပညာပေး သင်တန်းလက်စွဲစာအုပ် (PDF) ကို မျှဝေပေးလိုက်ပါသည်။ 

ယခုစာအုပ်ကို ရယူချင်ပါက ဒီနေရာ ကို နှိပ်ပါ။ 

တဆင့်ပြန်လည်မျှဝေပေးခြင်းဖြင့်လည်း မဲဆန္ဒရှင်များ၏ အသိပညာ ဗဟုသုတိများကို မြှင့်တင်ပေးနိုင်ပါသည်။