'Support to Electoral Processes and Democracy - STEP Democracy'

မဲဆန္ဒရှင် အသိပညာပေး အွင်လိုင်း သင်တန်း

07 October, 2020

၂၀၂၀ မြန်မာ့အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးမယ့် မဲဆန္ဒရှင်တွေအတွက် သင်တန်းတွေကို တိုင်းနဲ့ ပြည်နယ်တွေက ဝေးလံတဲ့ ဒေသတွေမှာ ဥရောပ သမဂ္ဂရဲ့ ရံပုံငွေအကူအညီနဲ့ ဆောင်ရွက်နေတဲ့ STEP Democracy - ရှေ့သို့မြန်မာရဲ့ ပြည်တွင်း မိတ်ဖက်အဖွဲ့အစည်းတွေကိုက ဩဂုတ်လမှာ စပြီးတော့ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်ဖြစ်ပွားလာတဲ့အတွက်ကြောင့် ရပ်နားလိုက်ရပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်တွေအတွက် မဲဆန္ဒရှင်အသိပညာပေး သင်တန်းများကို ဆက်လက်ပြုလုပ်နိုင်ဖို့အတွက် အွင်လိုင်းမှတဆင့် သင်တန်းပေးမှုတွေကို စီစဉ်နေခြင်းဖြစ်ပါတယ်။

မဲဆန္ဒရှင်အသိပညာပေး အွင်လိုင်း သင်တန်းတွေကိုတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ ဒေသတွေက မဲဆန္ဒရှင်ပြည်သူ တွေအတွက် ပြုလုပ်သွားမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ Link တွေမှာ ဝင်ရောက် စာရင်းပေးသွင်းနိုင်ပါတယ်။ အောက်မှာပေးထားတဲ့ ဖုန်းနံပါတ်တွေကိုလည်း ဆက်သွယ်နိုင်ပါတယ်။

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အတွက် သင်တန်းတွေကိုတော့ STEP Democracy - ရှေ့သို့မြန်မာအစီအစဉ်အောက်ကနေ Scholar Institute အဖွဲ့က အောက်တိုဘာလ ၁၀ရက်နေ့ကနေ နိုဝင်ဘာလ ၃ရက်နေ့အထိ အွင်လိုင်း သင်တန်း ၁၃ကြိမ် ပြုလုပ်ပေးသွားမှာဖြစ်ပြီးပါတယ်။

သင်တန်းအမှတ်စဉ် (၁ မှ ၆) အထိကို အောက်တိုဘာလ ၁၀ ရက်မှ  ၂၀ ရက်နေ့ အတွင်းလည်းကောင်း သင်တန်းအမှတ်စဉ် (၇ မှ ၁၃) အထိကို အောက်တိုဘာလ ၂၂ ရက်မှ နိုဝင်ဘာလ ၃ ရက်နေ့ အထိလည်းကောင်း အချိန်ကာလ ပိုင်းခြားသတ်မှတ်ပြီး သင်တန်းကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

သင်တန်းအမှတ်စဉ် (၁ မှ ၆) အထိစာရင်းပေးသွင်းရန် https://forms.gle/7hfKnhcVrzwPWWgx7

ဖုန်းဖြင့်ဆက်သွယ်ရန် - Scholar Institute ၀၉၂၅၉၅၀၇၁၁၀၊ ၀၉၄၂၈၀၇၇၈၁၃၊ ၀၉၇၈၃၄၂၀၆၂၈

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းတွေအတွက် အွင်လိုင်းသင်တန်းတွေကိုတော့ STEP Democracy - ရှေ့သို့မြန်မာအစီအစဉ်အောက်ကနေ Paññā Institute‌ အဖွဲ့က အွင်လိုင်းသင်တန်း အကြိမ် ၄၀ ပြုလုပ်သွားမှာဖြစ်ပါတယ်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းမှ သင်တန်းတက်ရောက်မယ့်သူတွေ စာရင်းပေးသွင်းရန် https://forms.gle/9HQiWeMdFT8eL2qk8 (အမှတ်စဉ် ၁ကနေ ၇အထိ လူစာရင်းပြည့်သွားပါပြီ၊ နောက်ထပ် အပတ်စဉ်များကိုလည်း ထပ်မံအသိပေးသွားပါမယ်)

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှ သင်တန်းတက်ရောက်မယ့်သူတွေ စာရင်းပေးသွင်းရန် https://forms.gle/hDwNTSYuhtWvqAAh9 (အမှတ်စဉ် ၁ ကနေ ၅ အထိ)

https://forms.gle/HT3kHxD73SgizcpG9‌ (အမှတ်စဉ် ၆ ကနေ ၁၀ အထိ (တချို့အမှတ်စဉ်တွေက လူစာရင်းပြည့်သွားပြီဖြစ်ပါတယ်။ နောက်ထပ် အပတ်စဉ်များကိုလည်း ထပ်မံအသိပေးသွားပါမယ်)

ဖုန်းဖြင့်ဆက်သွယ်ရန် - ကိုအောင်နိုင်မော် (Paññā Institute‌) ၀၉၄၄၈၀၀၆၇၀၁

သင်တန်းကို အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း တက်ရောက်နိုင်မှာဖြစ်ပြီး ZOOM အက်ပလီကေးရှင်းမှ တဆင့် တိုက်ရိုက် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်မယ့်သူတွေအတွက်လည်း အင်တာနက်အသုံးပြုနိုင်ရန်အတွက် ဖုန်းဘေလ်များကို စီစဉ်ပေးသွားမှာဖြစ်ပါတယ်။

ကချင်ပြည်နယ်က မဲဆန္ဒရှင်တွေအတွက် သင်တန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ လာမယ့်ရက်တွေမှာ ထပ်မံ အသိပေးသွားမှာဖြစ်ပါတယ်။