'Support to Electoral Processes and Democracy - STEP Democracy'

STEP Democracy အစီအစဉ်အတွက် ခွန်အားသစ်

09 September, 2019

STEP Democracy အစီအစဉ်၏ မိတ်ဖက်အရပ်ဖက်အဖွဲ့အစည်းအသစ်ဖြစ်သော ပဒေသာမိုး (Badeidha Moe Civil Society Organization (BDM) အဖွဲ့အစည်းအား ဝမ်းမြှောက်စွာဖြင့် မိတ်ဆက်ပေးလိုက်ပါသည်။

STEP Democracy ၏ မိတ်ဖက်အဖွဲ့အစည်းသစ်ဖြစ်သော အဆိုပါအဖွဲ့အစည်းသည် လာမည့် နှစ်များတွင် ပညာအင်စတီကျု၊ စကော်လာအင်စတီကျုအဖွဲ့အစည်းများကဲ့သို့ ပြည်သူ့နီတိသင်တန်းများ၊ မဲဆန္ဒရှင် အသိပညာပေးသင်တန်းများကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နေရာတချို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ပဒေသာမိုးအဖွဲ့အစည်း၏ ရုံးချုပ်သည် ရန်ကုန်မြို့တွင် အခြေစိုက်သည်ဆိုသော်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် မွန်ပြည်နယ်တို့တွင် ရုံးခွဲများထားရှိပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျှက်ရှိသည်။

အဆိုပါအဖွဲ့အစည်းသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ နှင့် မြေယာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ကာ အကောင်အထည်ဖော်ထားပြီး ဖြစ်သည်။

‘မြန်မာပြည်အတွက် ခိုင်မာ အားကောင်းတဲ့ ဒီမိုကရေစီရရှိဖို့အတွက်ဆိုရင် ကျွန်တော်တို့ စနစ်တကျနဲ့ ကောင်းမွန်တဲ့ အင်စတီကျူးရှင်းတွေ လိုအပ်ပါတယ်။ STEP Democracy ကနေတဆင့် International IDEA အဖွဲ့အစည်းနဲ့အတူ အလုပ် လုပ်ကိုင်ခွင့်ရတယ်ဆိုတာ ပဒေသာမိုးအတွက် မယုံနိုင်စရာကောင်းလှတဲ့ အခွင့်အရေးတစ်ရပ်ပါပဲ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်လုပ်ငန်းတွေမှာ STEP Democracy ရဲ့ ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေ၊ ပြီးတော့ International IDEA အဖွဲ့အစည်းနဲ့အတူ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို အကောင်းအထည်ဖော်နိုင် လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။’ ဟု ပဒေသာမိုးအဖွဲ့၏ ဒါရိုက်တာ ဦးပိုင်ဇော်ဇော် က ပြောသည်။

လတ်တလော အခြေအနေတွင် ပဒေသာမိုးအဖွဲ့အစည်းအနေဖြင့် STEP Democracy ၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး International IDEA၊ ပညာအင်စတီကျု၊ စကောလာအင်စတီကျုအဖွဲ့ အစည်းတို့ အတူပူးပေါင်း စီစဉ်လုပ်ဆောင်နေကြသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား စီစဉ်ကျင်းပရေး လုပ်ငန်းများတွင် ပါဝင်ပူးပေါင်း လုပ်ကိုင်လျှက်ရှိသည်။ အဆိုပါ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို စက်တင်္ဘာလ ၁၅ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

ပဒေသာမိုးအဖွဲ့အစည်းနှင့်ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များအား သိရှိနိုင်ရန် ဖော်ပြပါ ဝဘ်ဆိုဒ်လိပ်စာအတိုင်း ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။ https://badeidhamoe.org/en/home/