၂၀၂၀ ပြည်ထောင်စုရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ဆန္ဒမဲပေးကြမည့်သူများသည် သူတို့၏ ရွေးချယ်စရာများကို စူစမ်းကြပါသည်။ ထို့ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် မူဝါဒအရဖြေရှင်းရမည့် အရာများအပေါ်တွင် ကြောင်းကျိုးဆီလျော်သည့် ရပ်တည်ချက်များကို တင်ပြသင့်ပြီး၊ ထိုရပ်တည်ချက်များဖြင့် အနိုင်မဲများကို အာရုံစိုက်နိုင်ပါမည်။ မဲပေးသူ ပြည်သူများအနေဖြင့်လည်း ၎င်းတို့အတွက် အရေးကြီးသော ကိစ္စရပ်များအပေါ်တွင် ရပ်တည်မှုနှင့် မူဝါဒအပေါ်အခြေခံပြီး မည်သူ့ကိုမဲပေးရမည်ကို သိနိုင်ပါလိမ့်မည်။
Following up on online advocacy training for civic society organizations, implemented by Democracy Reporting International – DRI under the EU-funded STEP Democracy programme, we had a chance to interview participants to understand how they acquired new knowledge from the training and how they will use their knowledge in their academic and professional work.
ဥရောပသမဂ္ဂရဲ့ ရံပုံငွေအကူအညီနဲ့ ဆောင်ရွက်နေတဲ့ STEP Democracy - ရှေ့သို့မြန်မာရဲ့ အစီအစဉ်တစ်ခုအနေနဲ့ DRI က အွန်လိုင်းအခြေပြုအရေးဆိုတောင်းဆို/စည်းရုံးလှုံ့ဆော်မှုဆိုင်ရာသင်တန်းကိုကျင်းပပြီးတဲ့နောက်မှာ သင်တန်းသားတွေအနေနဲ့ ဘာဗဟုသုတအသစ်တွေရလိုက်လဲ၊ ရရှိလိုက်တဲ့ဗဟုသုတတွေကိုရော သူတို့လုပ်ငန်းခွင်မှာ ဘယ်လိုအသုံးချသွားမလဲဆိုတာကို အင်တာဗျူးအကျဉ်းချုပ်လေးမေးဖြစ်ခဲ့ပါတယ်၊၊ ဘာတွေ ဘယ်လိုဖြေသွားကြလဲဆိုတဲ့ အင်တာဗျူးအသေးစိတ်လေးကိုတော့ အောက်မှာ ကြည့်ကြည့်ကြရအောင်။ ဆွေးနွေးပွဲမှာ အဓိကအားဖြင့် အချက်အလက်ကိုအခြေပြုလှုပ်ရှားတဲ့ စည်းရုံးလှုံ့ဆော်မှုတွေအကြောင်း၊ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်ရဲ့ ရည်ရွယ်ထားတဲ့ ပရိတ်သတ်တွေကို ပိုမိုထိရောက်စွာ ပစ်မှတ်ထားနိုင်တဲ့ နည်းစနစ်တွေနဲ့ လက်တွေ့အသုံးချနိုင်တဲ့ အကြံပေးချက်တွေကိုလည်း မျှဝေဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေကလည်းဒစ်ဂျစ်တယ်စည်းရုံးလှုံ့ဆော်ရေးနဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေအကြောင်းဆွေးနွေးခဲ့သလို သူတို့အနေနဲ့ သုံးစွဲရလွယ်ကူတဲ့ဒစ်ဂျစ်တယ်နည်းလမ်းတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေးတွေကို ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတာကို ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
With the Covid-19 global pandemic, election stakeholders across the world face the dilemma to decide whether to hold the elections at the cost of public health or to postpone the elections at the cost of people’s right to participate. Good practice examples exist however, such as the Republic of Korea, which held its National Assembly elections in mid-April 2020, and Sri Lanka, which plans to hold parliamentary elections in August 2020.
ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကြောင့် ရွေးကောက်ပွဲနှင့် သက်ဆိုင် ပါဝင်သည့် အဖွဲ့အစည်းများသည် ပြည်သူလူထုအားလုံးအတွက် အရေးပါတဲ့ ရွေးကောက်ပွဲကို ရွေ့ဆိုင်းမည်လား သို့မဟုတ် ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်နိုင်မည့် ရွေးကောက်ပွဲကိုကျင်းပမည်လားဆိုသည်ကို အကျပ်ရိုက်စဉ်းစားနေကြရသည့် အချိန်ကာလဖြစ်သည်။
The General Elections are now confirmed to take place on time this year. Political parties are now keener to get the latest updates on election regulations and procedures to prepare themselves well to contest in the upcoming 2020 General Elections.
ယခုအခါဆိုလျှင် မြန်မာ့အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်မှလည်း ထုတ်ဖော်ပြောထားပြီးဖြစ်သည်။ ထို့အတွက်ကြောင့် နိုင်ငံရေးပါတီမျးာသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကောင်းစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ရွေးကောက်ပွဲ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ နောက်ဆုံးရ သတင်းအချက်အလက်များကို သိရှိနိုင်ရန် စိတ်အားထက်သန်နေကြပါသည်။
တက်ကြွနိုင်ငံသားကောင်းတစ်ဦးဆိုသည်မှာ အခြားလူများ၏တန်ဖိုးများ၊ လိုအင်များကို လေးစားတန်ဖိုးထား တတ်ပြီး သက်ဆိုင်ရာ လူမှုအဖွဲအစည်း၏ အကျိုးကို သယ်ပိုးကြသူများဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း ထိရောက်စွာပါဝင်မှုဆိုရာတွင် နိုင်ငံသားများ လူမှုအဖွဲ့အစည်းတစ်ရပ် သာယာစိုပြည်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ကြခြင်းကိုဆိုလိုသည်။
FPTP စနစ်သည် ဗဟု/အများစု ကိုယ်စားပြုစနစ်၏ အရိုးရှင်းဆုံး ပုံစံတစ်ခုဖြစ်ပြီး ကိုယ်စားလှယ်တစ်ဦးတည်း ရွေးချယ်သည့် မဲဆန္ဒနယ်များနှင့် ကိုယ်စားလှယ်ဗဟိုပြု မဲရွေးချယ်သည့်စနစ်တွင် အသုံးပြုသည်။ ဆန္ဒမဲ ရွေးချယ်မည့် မဲဆန္ဒရှင်အား ကိုယ်စားလှယ်လောင်းများ၏ အမည်များ ဖော်ပြပေးထာပြီး ၎င်းတို့အနက်မှ တစ်ဦးတည်းကိုသာ ရွေး ချယ်ရသည်။
ဒီမိုကရေစီသည် လူအများက၎င်းတို့နေထိုင်လိုသည့် လူ့အသိုက်အဝန်းကိုဆုံးဖြတ်နိုင်သော အစိုးရစနစ်တရပ် ဖြစ်သည်။ ဒီမိုကရေစီသည် ဂရိဘာသာစကား "ပြည်သူများ" ဟုဆိုလိုသည့် "ဒီမို" နှင့် "အုပ်ချုပ်မှု"ဟုအဓိပ္ပါယ်ရသည့် "ကရာတို" တို့မှဆင်းသက်လာသည်။ ထို့ကြောင့် ဒီမိုကရေစီဟူသည် "ပြည်သူများ၏အုပ်ချုပ်မှု" ဟု အဓိပ္ပါယ်သတ်မှတ်၍ ရပါသည်။
Towards more Transparency: Facebook shares with Bago Elections Sub-Commission its latest Political Ad Transparency Tools.
လူမှုအသိုက်အဝန်းနှင့် ဆက်သွယ်ချိတ်ဆက်ရန်နှင့် နေ့စဥ်သတင်းနှင့် နိုင်ငံရေးသတင်းစီးဆင်းမှုများကို အလွယ်တကူလက်လှမ်းမီနိုင်ရန်အတွက် အွန်လိုင်းလူမှုကွန်ယက်အသုံးပြုနိုင်ရန် မဖြစ်မနေလိုအပ်လာပါသည်။ ထို့ကြောင့် အွန်လိုင်းလူမှုကွန်ရက်မီဒီယာသည် ဒီမိုကရေစီကျင့်သုံးသော အသိုက်အဝန်းတွင် ကြီးမားစွာ နေရာယူထားသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံတွင်လည်း ဖေ့စ်ဘွတ်လူမှုစာမျက်နှာ အသုံးပြုသူဦးရေ ၂၂ သန်းအထိ တိုးလာသည်ကို တွေ့ရှိရပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ကိုဗစ်နိုင်တင်း ကပ်ရောဂါကို တွန်းလှန်တိုက်ခိုက်နေရသည့်အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အရှိန်မြှင့် ပြင်ဆင်ဆောင်ရွက်မှုများလည်း ရှိနေပါသည်။