'Support to Electoral Processes and Democracy - STEP Democracy'

ကိုဗစ်-၁၉ ကူးစက်ရောဂါကျရောက်နေစဉ် ရွေးကောက်ပွဲများအား စီမံခန့်ခွဲခြင်း - ကိုးရီးယား သမ္မတနိုင်ငံ၏ အရေးပါသည့် စမ်းသပ်ချက်

Overview

ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသော Covid-19 သည် နိုင်ငံနှင့် တိုင်းပြည်အသီးသီးတွင် စီစဉ်ထားသည့် ရွေးကောက်ပွဲများအား ကျင်းပရမည်လော သို့မဟုတ် ရွှေ့ဆိုင်းရမည်လော နှင့်စပ်လျဉ်း၍ မကြုံစဖူးဖိအားများပေးလျက်ရှိသည်။ ရွေးကောက်ပွဲများ ဆက်လက်ကျင်းပရမည်လော၊ ရွှေ့ဆိုင်းရမည်လော အငြင်းပွားဖွယ်ရာများရှိသည်။

ထိုသို့ ရွေးကောက်ပွဲများကျင်းပရေးနှင့် ရွှေ့ဆိုင်းရေးတို့ နှစ်ခုကြား ရွေးချယ်ရာတွင် ဟန်ချက်ညီညီဖြစ်စေရန် ချိန်ညှိခြင်းသည် လွယ်ကူသည့်အလုပ်တစ်ခု မဟုတ်ပါ။ အစိုးရနှင့် နိုင်ငံသားများကြား လူမှုဘဝအခွင့်အရေးနှင့်တာဝန်များ သဘောတူညီချက်ကို ဖြည့်ဆည်းခြင်းသည် ၎င်းတို့၏ ကျန်းမာရေးနှင့် အသက်ခန္ဓာအား ပေးဆပ်ရသည်အထိ ဖြစ်သင့်ပါသလော။ သို့တည်းမဟုတ် လူမှုအဖွဲ့အစည်း၏ ဆန္ဒမဲပေးသည့် ရှိရင်းစွဲဓလေ့ ကျင်းပရန်အလို့ငှာ လူစုလူဝေးများပြုလုပ်ခြင်းကြောင့် ရောဂါဖြစ်ပွားမှု ပိုမိုဆိုးရွားလာမည့်အရေး စိုးရိမ်ပူပန်မှုများသည် အခြားသော ထည့်သွင်းစဉ်းစားဖွယ်ရာအချက်များကို လွှမ်းမိုးသွားသင့်ပါသလော။

ဤပညာရပ်ဆိုင်ရာစာတမ်းသည် COVID-19 ရောဂါခြိမ်းခြောက်မှုအောက်တွင် နိုင်ငံတော်အဆင့် ရွေးကောက်ပွဲကြီးများကို ကျင်းပခဲ့သည့် ပထမဆုံးသောနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံ၏ အတွေ့အကြုံကို ကြည့်ရှုရေးသားထားခြင်း ဖြစ်သည်။

Download