'Support to Electoral Processes and Democracy - STEP Democracy'

နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှု ရန်ပုံငွေ (နိုင်ငံရေးရန်ပုံငွေဆိုင်ရာ လက်စွဲစာအုပ်)

Overview

နိုင်ငံရေးပါတီအားလုံးသည် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ၎င်းတို့၏ကဏ္ဍကို ပါဝင်လုပ်ဆောင်ရန် ရန်ပုံငွေထောက်ပံ့ မှုလိုအပ်ပြီး နိုင်ငံရေးတွင် ငွေကြေး၏ အခန်းကဏ္ဍသည် ယနေ့ဒီမိုကရေစီအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု အဖြစ် အငြင်းပွားဖွယ်ဖြစ်နေပါသည်။ အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုသည် နယ်ပယ်ကန့်သတ်မှုများကို စဉ်းစားခြင်းမရှိပဲ၊ အမေရိကန်ပြည်ထောင်စုတွင်  ကြီးမားသော စီးပွားရေးလုပ်ငန်းကြီးများ၏ မဲဆွယ်အလှူငွေနှင့် လက်တင်အမေရိက၏ နိုင်ငံရေးတွင် စိမ့်ဝင်နေသော မူးယစ်ဆေးဝါးငွေများမှသည် အာရှနှင့် ဥရောပတလွှားမှ အဂတိလိုက်စားမှု အရှုပ်အထွေးများအထိ ကမ္ဘာ့တိုက်ကြီးများတလွှားတွင် ဖြစ်ပျက်နေမှုများက သက်သေပင် ဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ ဘဏ္ဍာငွေဥပဒေများ၊ စည်းကမ်းများဖြင့် အဆိုပါစိန်ခေါ်မှုများကို  ကိုင်တွယ်ရန် ကြိုး ပမ်းမှုများမှာလည်း နိုင်ငံရေးအရ သံဓိဌာန်ခိုင်မာမှု မရှိခြင်းနှင့် စွမ်းဆောင်ရည် ချို့တဲ့ခြင်း၊ ဥပဒေရေးဆွဲမှုနှင့် ဥပဒေအသက်ဝင်မှုများ ညံ့ဖျင်းခြင်းတို့ကြောင့် များသောအားဖြင့် အားနည်းနေရသည်။

ဤလက်စွဲစာအုပ်သည် ကမ္ဘာတလွှားရှိ နိုင်ငံရေးဆိုင်ရာ ဘဏ္ဍာငွေ စည်းကမ်းဥပဒေများကို လေ့လာဆန်းစစ် ခြင်းနှင့် ပြုပြင်ပြောင်းလဲရန် လမ်းညွှန်မှုပေးခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ ငွေကြေးပြဿနာများကို ကိုင်တွယ်ထား သည်။ စာအုပ်တွင် အခန်းများကို ဒေသအလိုက် ခွဲခြားထားပြီး အခန်းတိုင်းသည် စိန်ခေါ်မှုများနှင့် သက်ဆိုင် သည့် စည်းမျဉ်းများ၏ လက်ရှိအခြေအနေကို ဆန်းစစ်ထားပြီး ဆန်းစစ်တွေ့ရှိရသော ချို့ယွင်းချက်များကို  ကိုင် တွယ်ရန် အကြံပြုချက်များကိုလည်း ဖေါ်ပြပေးထားသည်။ အဆိုပါ အခြေအနေကိုလိုက်၍ ချည်းကပ်ပုံနည်းလမ်း သည် ဒေသအလိုက်လမ်းကြောင်းများနှင့် ပုံစံများကို ထွက်ပေါ်လာစေသည့် အကျိုးအမြတ်ရှိသည်။ နောက်ထပ် အခန်းသည် နိုင်ငံရေးတွင် အမျိုးသမီးများ ကိုယ်စားပြုမှု သိသိသာသာနည်းပါးမှုကို ထင်ဟပ်သည့် ကျား/မ ဆိုင် ရာအကြောင်းအရာနှင့် အဆိုပါမညီမျှမှုကို နိုင်ငံရေးတွင် ငွေကြေးသြဇာလွှမ်းမိုးလာမှုက မည်သို့ခြယ်လှယ်နေ သည်ဟူသော အကြောင်းအရာတို့ကို ထင်ဟပ်၍ ကျား-မ ကိစ္စရပ်ကို ဦးတည်ဖော်ပြထားပါသည်။

Download