ဤလေ့လာဆန်းစစ်ချက်သည် ပဋိပက္ခနှင့်ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများ တွင် အထူးသဖြင့်အမျိုးသမီးထု ကြုံတွေ့ကြရသည့် နည်းလမ်းအမျိုးမျိုးတို့ကို ထူးခြား ပေါ်လွင်စေပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်း ရေးတည်ဆောက်မှု လုပ်ငန်းများကို မြှင့်တင်ပေးနေသော နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများကို အသစ်အသစ်သော ထိုးထွင်းသိမြင်နိုင်မှုနှင့် အရေးကြီးသောသင်ခန်းစာယူဖွယ်ရာများကို ဝေငှပေးပါသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ကဏ္ဍနှစ်ရပ်ပါဝင်ပါသည်။ ပထမကဏ္ဍမှာ အရေးမပါသူများအဖြစ် သတ်မှတ်ခြင်းခံရသော လူ့အဖွဲ့အစည်းများမှ အမျိုးသမီးများကို ငြိမ်းချမ်းရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးဆိုင်ရာလှုပ်ရှားမှုများတွင် ပတ်သက်ဆက်နွယ်သူများ၊ ငြိမ်းချမ်းရေးနှင့် ဘေးကင်းလုံခြုံရေးကို နှောက်ယှက်သူ (ဖျက်ဆီးသူ) နှင့် ဆောင်ရွက်သူ (ပံ့ပိုးပေးသူ) နှစ်မျိုးစလုံးလုပ်ဆောင်သူများအဖြစ် ပိုမိုသိရှိလာနိုင်ရန်နှင့် အသိအမှတ်ပြုလာရန်၊ ဒုတိယကဏ္ဍအနေဖြင့် သူတို့၏ပါဝင်မှုကို ပိုမိုအားကောင်းလာရန် နည်းဗျူဟာများနှင့်အလေ့ အကျင့်ကောင်းများ ရရှိရန်အတွက် အသိအမြင်များ မြှင့်တင်ပေးခြင်း တို့ဖြစ်သည်။ International IDEA အနေဖြင့် နိုင်ငံရေးတွင်ပါဝင်ဆင်နွှဲမှုနှင့် ကိုယ်စားပြု ခြင်းကို ၎င်း၏ အဓိကအကျိုးသက်ရောက်စေသော နယ်ပယ်လေးခုမှ တစ်ခုအဖြစ် ဖော်ထုတ် သတ်မှတ်ထားပြီး၊ မတူညီကွဲပြားမှုများကို စီမံခန့်ခွဲခြင်းနှင့် လိုက်လျောညီထွေအောင်ပြုလုပ် ပေးခြင်းသည် ဒီမိုကရေစီနည်းလမ်းတကျအုပ်ချုပ်မှု ဖွဲ့စည်းပုံစံများ အားကောင်းလာအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါအချက်ကို ၎င်း၏လုပ်ငန်းအားလုံးတွင် ထည့်သွင်း စဉ်းစားရမညအ့်ချကအ်ဖြစ ်သတမ်တှထာ်းပါသည။် အဆပါိုရလဒ်ကောင်းများရရရှိန ် ဤလေလာ့ ဆန်းစစ်ချက်သည် ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဒီမိုကရေစီနည်းကျတည်ဆောက်မှု အဆင့်ဆင့်ကို ပံ့ပိုးပေးရန်နှင့် အဆိုပါလုပ်ဆောင်မှုအဆင့်ဆင့်သည် အရေးမပါသူများအဖြစ ် သတ်မှတ်ခံရသောအုပ်စုများကို ပါဝင်စေခြင်းနှင့် ထိုသူတို့၏ ပါဝင်မှုကို ပိုမို အားကောင်း လာစေရန် စွမ်းဆောင်ရည်မြှင့်တင်ပေးမှုကို အားဖြည့်ပေးနိုင်သည့် နည်းလမ်းများ ရှာဖွေဖော် ထုတ်ပေးပါသည်။ အထူးသဖြင့် ဤလေ့လာဆန်းစစ်ချက်သည် ငြိမ်းချမ်းရေးတည်ဆောက် မှုလုပ်ငန်းစတင်ဆောင်ရွက်ချိန်တွင် အရေးမပါသူများအဖြစ် သတ်မှတ်ခံရသောလူ့အဖွဲ့ အစည်းများမှ အမျိုးသမီးများ ပါဝင်နိုင်ရေးအတွက် ကန့်သတ်ချက်များနှင့် အခွင့်အလမ်းများကို ဖော်ထုတ်ခြင်း၊ ဒီမိုကရေစီအလေ့အကျင့်နှင့်ဖွံ့ဖြိုးရေးတွင် အမျိုးသမီးများပါဝင်ခြင်းနှင့် ဖယ်ရှားခံရခြင်းတို့၏ နောက်ဆက်တွဲ အကျိုးဆက်များကို လေ့လာခြင်း၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတည်ဆောက်ရေး စတင်ဆောင်ရွက်ချိန်များတွင် အရေးမပါသူများအဖြစ် သတ်မှတ် 12 International IDEA ခံရသောလူ့အဖွဲ့အစည်းများမှ အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေးအတွက် ထောက်ခံချက်များကို ရှင်းလင်းတိကျစွာ ဖော်ထုတ်နိုင်ရန်ဖြစ်သည်။
Download