'Support to Electoral Processes and Democracy - STEP Democracy'

ရွေးကောက်ပွဲ စီမံခန့်ခွဲမှု ဒီဇိုင်း (ပြည်လည်စီစစ်တည်းဖြတ် ထုတ်ဝေသည်)

Overview

International IDEA ၏အမြင်တွင် နှိုင်းယှဉ်ရအသိပညာဗဟုသုတများနှင့် ဒီမိုကရေစီကို

ထောက်ခံအားပေးမှုဆိုင်ရာ အတွေ့အကြုံများအားမျှဝေရာတွင် အဓိကကျသောအပြည်ပြည်ဆိုင်ရာ လှုပ်

ရှားသူတစ်ဦး ဖြစ်ရေးပင်ဖြစ်သည်။ ထို့နောက် ရည်ရွယ်ချက်မှာ ထိုဗဟုသုတနှင့် အတွေ့အကြုံများကို

နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးမှုများနှင့် နိုင်ငံရေးဦးတည်ချက်များကို အထောက်အကူပြုရာတွင် အသင့်ရှိနိုင်

စေရန်ဖြစ်သည်။

 

ရွေးကောက်ပွဲစနစ်ရွေးချယ်မှုနှင့် ရွေးကောက်ပွဲဆိုင်ရာညွှန်ကြားမှု ဒီဇိုင်းအပါအဝင် ဖြစ်သော

ရွေးကောက်ပွဲဆိုင်ရာ စည်းမူဘောင်သည် ရွေးကောက်ပွဲ၏ရလဒ်နှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တို့

၏ ယုံကြည်ရမှုအပေါ်တွင် အဆုံးအဖြတ်ပေးပြီး ထိုမှသာလျှင် ဒီမိုကရေစီကို အယုံအကြည်ရှိနိုင်မည်ဖြစ်

သည်။ ပညာရှင်ဆန်သော ရွေးကောက်ပွဲညွှန်ကြားမှုကို တိုးတက်အောင်ပြုလုပ်ခြင်းသည် နည်းပညာနှင့်

စီမံခန့်ခွဲမှုတို့နှင့်သာ ဆိုင်သည်မဟုတ်ဘဲ ၎င်းတို့ကိုယ်ပိုင် စိတ်ဝင်စားသောအချက်များနှင့် စီမံကိန်းများ

ရှိနေသော နိုင်ငံရေးကစားသမားများကိုပါ ပြင်းပြင်းထန်ထန်ထိပ်တိုက်တွေ့စေခြင်းပင်ဖြစ်သည်။ ဘက်စုံ

ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီအားကောင်းစေရန်ဆောင်ရွက်ခြင်းတို့တွင် ၎င်း၏အရေးပါပုံမှာ ပြောမဆုံးအောင်

ပင် ဖြစ်သည်။

 

ဤလက်စွဲစာအုပ်သည် အဓိကကျသောတစ်ကမ္ဘာလုံးဆိုင်ရာဒီဇိုင်း၊ တည်ထောင်မှု၊ ဘဏ္ဍာရေး၊

လေ့ကျင့်သင်ကြားပေးရေးနှင့် ရွေးကောက်ပွဲဆိုင်ရာစီမံခန့်ခွဲသောကဏ္ဍဆိုင်ရာတို့ကို သုံးသပ်ချက်တို့ကို

နှိုင်းယှဉ်ထားသော အသိပညာများပါဝင်သည်။

 

ပထမဆုံးထုတ်ဝေမှုကို၂ဝဝ၆ ခုနှစ်တွင်ပြုလုပ်ခဲ့ပြီး ထိုအချိန်မှစကာ အခြေခံလေ့ကျင့်သင်ကြား

ရေး အသုံးချပစ္စည်းများနှင့် အွန်လိုင်းအသုံးချကိရိယာများကို ပြုလုပ်တည်ထောင်ခဲ့သည်။ ထိုစာအုပ်

သည်ပင်လျှင် အပြည်ပြည်ဆိုင်ရာ IDEA ၏ အကျော်ကြားဆုံးဗဟုသုတဆိုင်ရာ ရင်းမြစ်ဖြစ်လာသကဲ့သို့

အခြားဘာသာစကားပေါင်းများစွာသို့ ပြန်ဆိုထားပြီးဖြစ်သည်။

 

ထိုစာအုပ်ပထမအကြိမ် ရိုက်နှိပ်ပြီးချိန်မှစ၍ တော်တော်များများပြောင်းလဲလာသော အရာများ

ရှိသည်။ ရွေးကောက်ပွဲဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အစည်း (EMBs) အသစ်များပေါ်လာသည်။ အဖွဲ့ဝင်ဟောင်း

များကိုမူ မသမာမှု၊ ခြစားမှုတို့ဖြင့် စွပ်စွဲခံထားရခြင်းကြောင့် စစ်ဆေးပြီးဖြစ်သည်။ ရွေးကောက်ပွဲတွင်နည်း

ပညာ၏အခန်းကဏ္ဍမှာ ပိုမိုသိသာထင်ရှားစွာပါဝင်သည်။ EMB အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ပညာရပ်

ဆိုင်ရာကျွမ်းကျင်တိုးတက်မှုမှာလည်း ကြီးထွားလာသည်။ ရွေးကောက်ပွဲနှင့် လိင်ကွဲပြားမှုဆိုင်ရာနယ်ပယ်

တိုးတက်မှုတို့လည်း ပြုလုပ်ပြီးဖြစ်သည်။ ထို့ကြောင့်ယခုအချိန်သည် ပြန်လည်ဆန်းစစ်ပြီးသော ပုံစံ

နောက်တစ်မျိုးကိုထုတ်ဝေရန်အချိန်ပင်ဖြစ်သည်။ အသက်ဆိုင်ဆုံးသောအပိုင်းကို မွန်းမံကာထပ်မံချဲ့ထွင်

ပြီးနောက် လက်ရှိတစ်နိုင်ငံလုံး အတိုင်းအတာအချက်အလက်များနှင့် ဖြစ်စဉ်လေ့လာချက်အသစ်များက

တစ်ကမ္ဘာလုံးဆိုင်ရာ ရွေးကောက်ပွဲနှင့်ပတ်သတ်သော နယ်ပယ်၏ကွဲပြားမှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့်

အကြံဉာဏ်သစ်များကို မီးမောင်းထိုးပြပေလိမ့်မည်။

Download