'Support to Electoral Processes and Democracy - STEP Democracy'

၂ဝ၁၂ခုနှစ် CHRISTIANSBORG ဆွေးနွေးပွဲနောက်ခံစာတမ်း နိုင်ငံရေးတွင်အမျိုးသမီးများပါဝင်လှုပ်ရှားခြင်း (ဒီမိုကရက်တစ်ယဉ်ကျေးမှုအတွက်မတူကွဲပြားခြားနားမှုနှင့်တန်းတူညီမျှမှု)Women in politics for Myanmar programme

Overview

လူငယ်အမျိုးသမီးများနိုင်ငံရေးတွင်ပါဝင်လှုပ်ရှားခြင်းမိသားစုအဆင့်မှသည်တစ်နိုင်ငံလုံးအတိုင်းအတာနိုင်ငံရေးအဆင့်သို့MARYSE HELBERT, AUSTRALIA ၏တင်ပြချက်ဒီစာတမ်းရဲ့ရည်ရွယ်ချက်ကတော့ပါတီတွေကိုကူညီပံ့ပိုးပေးတာကနေတစ်ဆင့်လူငယ်အမျိုးသမီးတွေရဲ့နိုင်ငံရေးပါဝင်မှုကိုဘယ်လိုမြှင့်တင်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးအကြံပြုလမ်းညွှန်ပေးဖို့ဖြစ်ပါတယ်။အကြံပြုလမ်းညွှန်တဲ့နေရာမှာလည်းကမ္ဘာတစ်ဝန်းကအတွေ့အကြုံကောင်းတွေနဲ့အခက်အခဲတွေအပေါ်မှာအခြေခံသုံးသပ်ထားပါတယ်။နိုင်ငံရေးပါတီတွေအနေနဲ့လူငယ်အမျိုးသမီးတွေကိုနိုင်ငံရေးမှာပိုမိုပါဝင်လာဖို့ဆွဲဆောင်စည်းရုံးတဲ့နေရာမှာကြုံတွေ့ရတဲ့အဓိကအခက်အခဲသုံးရပ်ကိုဖြေရှင်းဖို့ကြိုးစားအားထုတ်မှုတွေကိုဒီအတွေ့အကြုံတွေမှာတွေ့ရမှာဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်းလုံးမှာနိုင်ငံရေးပါဝင်ဆောင်ရွက်မှု၊မဲပေးသူနဲ့နိုင်ငံရေးပါတီဝင်တို့အကြားထိတွေ့ဆက်ဆံမှုတွေဟာယေဘုယျအားဖြင့်အမှန်တကယ်ပဲကျဆင်းနေပါတယ်။ဒါ့အပြင်အမျိုးသမီးတွေအနေနဲ့ဖွဲ့စည်းတည်ဆောက်မှုနဲ့ပတ်သက်တဲ့အကန့်အသတ်တွေကြောင့်နိုင်ငံရေးမှာအပြည့်အဝပါဝင်ဆောင်ရွက်တဲ့ဖို့အခက်အခဲမျိုးစုံကြုံတွေ့နေခဲ့ရပါတယ်။နောက်ဆုံးအနေဖြင့်စစ်တမ်းကောက်ချက်အရလူငယ်တွေအနေနဲ့သမားရိုးကျနိုင်ငံရေးမှာပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ထက်သမားရိုးကျမဟုတ်တဲ့နိုင်ငံရေးလှုပ်ရှားမူတွေမှာပါဝင်ဖို့ပိုပြီးစိတ်ဝင်စားလာတာကိုတွေ့ရပါတယ်။ဒီထက်များပြားတဲ့လူငယ်အမျိုးသမီးတွေနိုင်ငံရေးမှာပါဝင်ဆောင်ရွက်လာစေချင်ရင်မိသားစုအဆင့်ကနေတစ်နိုင်ငံလုံးအဆင့်ထိကြိုးပမ်းအားထုတ်မှသာလျှင်အောင်မြင်ပါလိမ့်မယ်

Download