'Support to Electoral Processes and Democracy - STEP Democracy'

“ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ- ကမ္ဘာ့ ခေါင်းဆောင်များထံမှ သင်ယူခြင်း

Overview

International IDEA ၏ ကမကထပြုဆောင်ရွက်မှုတစ်ခုဖြစ်သော “ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ- ကမ္ဘာ့ ခေါင်းဆောင်များထံမှ သင်ယူခြင်း (ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် ပုံနှိပ်တိုက် ၂၀၁၅)” သည် နိုင်ငံအသီသီးတွင် ဒီမိုကရေစီနိုင်ငံအဖြစ် မည်သို့ဖြစ်လာသည်ကို သီးသန့်လေ့လာထားခြင်းဖြစ်သည်။

ရွေးချယ်ထားသော အခန်းအချို့အား မြန်မာဘာသာသို့ ပြန်ဆိုမှုသည် အာဏာရှင်စနစ် ချုပ်ငြိမ်းမှု၊ ဒီမိုကရေစီ တည်ဆောက်မှုတို့အပေါ် လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်အတွင်း ယင်းကဲ့သို့ အသွင်ကူးပြောင်းမှုများတွင် အဓိက ကဏ္ဍမှ ပါဝင်ခဲ့ကြသော တိုက်ကြီးသုံးခုမှ သမ္မတဟောင်း ၇ ဦး၏ ကိုယ်ပိုင်အမြင်များကို ထင်ဟပ်ဖေါ်ပြထား သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို မြှင့်တင်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့နှင့်ပတ်သက်၍ နိုင်ငံရေးခေါင်းဆောင် များထံမှ သင်ခန်းစာယူခြင်းများအပေါ် ဦးတည်ဆွေးနွေးထားသည့် ဘာသာစကားမျိုးစုံဖြင့် ထုတ်ဝေသော ပထမ တွဲတွင် တစ်ဦးချင်း မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှုများတွင် ပေးသောမှတ်ချက်များ ပါဝင်သည်။

မူရင်းအင်္ဂလိပ်ဘာသာထုတ်ဝေမှုကို ဆာဂျီယိုဘီတာနှင့် အေဘရာဟင်အက်ဖ်လိုဝင်သာ တို့က ပူးတွဲတည်းဖြတ် ထားကြပြီး International IDEA ၏ အထွေထွေအတွင်းရေးမှူးချုပ် ယူဗီးစ်လီတာမီက အမှာစကား ရေးသား ရာတွင် “ကျွန်ုပ်တို့ဖြစ်စေ အခြားသူများဖြစ်စေ ယခုအချိန်အထိ မထုတ်ဝေနိုင်သေးသော အရာမှာ မတူညီသော တိုက်ကြီးများတွင် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုများ မည်သို့အောင်မြင်ခဲ့သည်ကို ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်များထံမှ တိုက်ရိုက်ပြောဆိုမှုပင် ဖြစ်သည်။ စိတ်လှုပ်ရှားစရာကောင်းသော ယခုထုတ်ဝေမှုသည် အဆိုပါ အရေးကြီးသောဟာကွက်ကို ဖြည့်ပေးထားသည်” ဟု ဖေါ်ပြထားသည်။

Download