'Support to Electoral Processes and Democracy - STEP Democracy'

အီလက်ထရောနစ် နည်းဖြင့် မဲပေးခြင်းဆိုင်ရာ မိတ်ဆက် (အရေးပါသော ထည့်သွင်းစဉ်းစားရမည့် အချက်များ)

Overview

အီလက်ထရောနစ် မဲပေးစနစ်သည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ် စီမံခန့်ခွဲမှုကို ယုံကြည်မှု တိုးလာစေရန်နှင့် ပိုမိုထိရောက်မှုရှိစေရန် ပြုလုပ်ပေးသော နည်းကရိယာအဖြစ် များသောအားဖြင့် ရှုမြင်ကြသည်။ မှန်ကန်စွာ အကောင်အထည်ဖေါ်ပါက အီလက်ထရွန်နစ် မဲပေးစနစ်သည် မဲပြား၏ လုံခြုံမှုကို တိုးမြှင့်ပေးနိုင်ပြီး မဲရလဒ် ရေတွက်မှုကို မြန်ဆန်စေကာ မဲပေးခြင်းကိုလည်း လွယ်ကူစေသည်။ သို့ရာတွင် စိန်ခေါ်မှုများလည်း ရှိနေသည်။ အကယ်၍ ဂရုတစိုက် သေချာစွာ စီစဉ်၍ ရေးဆွဲခြင်းမပြုပါက ထိုမဲပေးစနစ်သည် ရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်ခုလုံးအပေါ် စိတ်ချယုံကြည်ရမှုကို အားနည်းစေနိုင်သည်။

ရွေးကောက်ပွဲများတွင် နည်းပညာအဆင့်မြှင့်ခြင်းသည် ဂရုတစိုက်သေချာစွာ စဉ်းစားလုပ်ဆောင်ရန်နှင့် စီမံ ချက်ရေးဆွဲရန် တို့လိုအပ်သည်။ ဤနည်းပညာသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံး၏ ပင်မလုပ်ငန်းဖြစ် သည့် မဲပေးခြင်းနှင့် မဲရေတွက်ခြင်းကို သွား၍ ကိုင်တွယ်ခြင်းဖြစ်သည့်အလျှောက် အီလက်ထရွန်နစ်မဲပေးခြင်း စနစ်ကို မိတ်ဆက်စတင်အသုံးပြုခြင်းသည် အခက်ခဲဆုံးမြှင့်တင်မှုတစ်ခု ဖြစ်နိုင်သည်။ အီလက်ထရွန်နစ်မဲပေး စနစ်သည် ဤလုပ်ငန်းစဉ်တွင် လူသား၏ တိုက်ရိုက်ထိန်းချုပ်မှုနှင့် လွှမ်းမိုးမှုတို့ကို ထိရောက်စွာ လျှော့ချပေး သည်။ ၎င်းစနစ်သည် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာဟောင်းများကို ဖြေရှင်းရန် အခွင့်အလမ်းကို ပေးသော်လည်း စိုးရိမ်ပူပန်စရာအသစ်များကိုလည်း ထွက်ပေါ်လာစေသည်။ ထို့အတွက် အီလက်ထရွန်နစ်မဲပေးစနစ် သည်  ဝေဖန်မှုနှင့် အတိုက်အခံပြုမှု ပိုမိုထွက်ပေါ်လာရန် ခလုတ်ဖြုတ်လိုက်သည့် သဖွယ်ဖြစ်ကာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် အသုံးပြုနေသော အခြားအိုင်တီအက်ပလီကေးရှင်း မှန်သမျှထက် ပိုမိုအငြင်းပွားဖွယ်ရာ ဖြစ်စေသည်။

ဤမူဝါဒစာတမ်းသည် အီလက်ထရွန်းနစ်မဲပေးစနစ် နည်းလမ်းများ အောင်မြင်ရေးကို ဦးတည်နိုင်သည့် သီးခြား အခြေအနေနှင့် ဆက်စပ်နေသည့်အချက်များကို ဖေါ်ပြထားပြီး မဲပေးခြင်းအတွက် နည်းပညာအသစ်များကို ရွေး ချယ်အသုံးပြုခြင်းမစတင်မီ အဆိုပါအချက်များကို ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း မီးမောင်းထိုးပြထား သည်။

Download