'Support to Electoral Processes and Democracy - STEP Democracy'

ရွေးကောက်ပွဲနေ့တွင် သတိပြုရမည့် အချက်များ

(၁) မဲစာရင်းတွင် အမည်ပါရှိခြင်း ရှိ မရှိ

(၂) မိမိမဲစာရင်းပါဝင်သည့် မဲရုံတည်နေရာကို ကြိုတင်သိရှိထားရန်

(၃) မဲပေးရမည့် အချိန် (နံနက် ၆နာရီမှ ညနေ ၄နာရီ)

(၄) မဲပေးဖို့သွားလျှင် မှတ်ပုံတင် (သို့) သက်သေခံကဒ်ပြား တစ်ခုခုယူဆောင်သွားရန်

(၅) မဲလက်မှတ်တွင် မဲရုံမှူးလက်မှတ် ပါ မပါ စစ်ရန်

(၆) မဲမပေးခင် မဲလက်မှတ် ပျက်စီးခြင်း ရှိ မရှိ စစ်ဆေးရန်

(၇) ပျက်စီးယိုယွင်းနေသော မဲလက်မှတ်ဖြစ်ခဲ့ပါက မဲလက်မှတ်အသစ်နှင့် လဲလှယ်ရန်

(၈) မိမိဆန္ဒပြုလိုသော ကိုယ်စားလှယ်လောင်း၏ ဘေးတည့်တည့် လေးထောင့်ကွက် နေရာတွင် တံဆိပ်တုံးကို ရှင်းလင်းစွာ ရိုက်နှိပ်ရန်

(၉) လွှတ်တော်မဲပုံး သုံးပုံးလုံးတွင်မဲပေးရန် (ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်) – (တိုင်းရင်းသားကိုယ်စားလှယ်မဲ ပေးခွင့်ရသော တိုင်းရင်းသားဖြစ်ပါက ယင်းတွက် ဆန္ဒမဲတစ်မဲ နောက်ထပ်ပေးရပါမည်)

(၁၀) ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးပြီးပါက မဲရုံကိုပိတ်မည်။

(၁၁) ညနေ (၄) နာရီထိုးသော်လည်း မဲပေးမည့် သူများ မဲရုံပရဝုဏ်အတွင်း၌ မဲပေးရန် ရောက်ရှိနေလျှင် မဲပေးခွင့်ပြုရမည်။

(၁၂) မဲဆန္ဒရှင်များသည် ဆန္ဒမဲရေတွက်ခြင်း၊ အတည်ပြုခြင်းကို စောင့်ကြည့်လေ့လာနိုင်သည်။