'Support to Electoral Processes and Democracy - STEP Democracy'

မဲရုံအတွင်းမဲဆန္ဒရှင်တစ်ဦး ဆောင်ရန်နှင့် ရှောင်ရန်အချက်များ

(က) ဆန္ဒမဲလက်မှတ်ကို ကိုယ်တိုင်လာ ရောက်ထုတ်ယူပြီးလျှို့ဝှက်ဆန္ဒပြ၍ မဲပုံးအတွင်းသို့ ကိုယ်တိုင်ထည့်ရမည်။

(ခ) ဆန္ဒမဲလက်မှတ် ထုတ်ယူခြင်းမပြုမီ မဲစာရင်း၌ တာဝန်ရှိသူက ပြသသောနေရာတွင် လက်မှတ်ရေးထိုးခြင်း သို့မဟုတ် လက်ဝဲလက်မလက်ဗွေနှိပ်ခြင်းပြုရမည်။

(ဂ) မိမိဆန္ဒပြုလိုသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကိုသာ ဆန္ဒမဲပေးရမည်။

(ဃ) မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲတစ်မဲသာပေးရမည်။

(င) ဆန္ဒမဲလက်မှတ်ရရှိလျှင် လျှို့ဝှက်ဆန္ဒပြုခန်းအတွင်းသို့ဝင်၍ ဆန္ဒမဲလက်မှတ်ပေါ်တွင် မိမိပေးလိုသော လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည်နှင့် သင်္ကေတအမှတ်အသားတည့်တည့်တွင်ရှိသော လေးထောင့်အကွက်အတွင်း၌ အမှန် အမှတ်အသားပါရှိသည့် တံဆိပ်တုံးကိုနှိပ်၍ ဆန္ဒပြုရမည်။

(စ) မိမိဆန္ဒပြုထားသည့် ဆန္ဒမဲလက်မှတ်ကို ခေါက်၍ သတ်မှတ်ထားသည့် မဲပုံးအတွင်းသို့ ထည့်ရမည်။

(ဆ) ဆန္ဒမဲပေးခြင်း အားလုံးပြီးဆုံးလျှင် နောက်တစ်ကြိမ်ဆန္ဒမဲပေးနိုင်ခြင်းမရှိစေရန် တာဝန်ရှိသူက ညွှန်ကြားသည့်အတိုင်းလက်ချောင်းတစ်ချောင်းတွင် မှင်တို့ခြင်းပြုလုပ်ရမည်။

(မှတ်သားရန် - ကြိုတင်မဲပေးပြီးသူများအား မင်တို့ခြင်း ပြုလုပ်မည်မဟုတ်ပေ။)

 

မဲရုံအတွင်းမဲဆန္ဒရှင်တစ်ဦး ရှောင်ရန်အချက်များ

(က) ဆန္ဒမဲလက်မှတ်သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို အခြားသူတစ်ဦးအား မပေးရ။

(ခ) ဆန္ဒမဲလက်မှတ်မှအပ အခြားပစ္စည်းတစ်ခုခုကို မဲပုံးအတွင်းသို့ မထည့်သွင်းရ။

(ဂ) အသုံးပြုဆဲဖြစ်သောမဲပုံးကို အခွင့်အာဏာမရှိဘဲ ဖွင့်လှစ်ခြင်း၊ သို့မဟုတ် ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို ဖျက်ဆီးခြင်းမပြုရ။

(ဃ) ရွေးကောက်ပွဲတစ်ခုခုတွင် လွှတ်တော်မဲဆန္ဒနယ်တစ်နယ်ထက်ပိုသော မဲဆန္ဒနယ်များအတွက် ဆန္ဒမဲ မပေးရ။

(င) ရွေးကောက်ပွဲတစ်ခုခုတွင် မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသော လွှတ်တော်မဲဆန္ဒနယ်အတွက် တစ်ကြိမ်ထက် ပို၍ ဆန္ဒမဲမပေးရ။

(စ) သူတပါးအယောင်ဆောင်၍ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်မဲဆန္ဒမဲလက်မှတ်ကို လာရောက် တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲပေးခြင်းမပြုရ။

(ဆ) ဆန္ဒမဲပေးသူကို သိရှိနိုင်အောင် ဆန္ဒမဲလက်မှတ်ပေါ်၌ အမှတ်အသား တစ်စုံတစ်ရာ မပြုလုပ်ရ။

(ဇ) ဆန္ဒမဲလက်မှတ်ကို မဆုတ်ဖြဲရ။

(ဈ) အတုပြုလုပ်ထားသော ဆန္ဒမဲလက်မှတ်တစ်ခုခုကို ဖြစ်စေ၊ အများကိုဖြစ်စေ၊ မဲပုံးအတွင်းသို့ မထည့်သွင်းရ။

(ည) ကိုယ်စားလှယ်စေလွှတ်၍ ဆန္ဒမဲ မပေးရ။