'Support to Electoral Processes and Democracy - STEP Democracy'

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

ဖွဲ့စည်းခြင်း

  • နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စု ဝန်ကြီးခန့်ထားခြင်းဆိုင်ရာ ပြဌာန်းချက်းများနှင့်အညီ ကော်မရှင်ဥက္ကဌအပါအဝင် အဖွဲ့ဝင်အနည်းဆုံး ၅ဦးကို ခန့်အပ်တာဝန်ပေးနိုင်သည်။ ( ၃၉၈ (ဂ) )

အရည်အချင်းသတ်မှတ်ချက်

  • အသက် ၅၀ နှစ် ကန့်သတ်ချက်မှအပ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်သော အရည်အချင်းပြည့်စုံသူ။
  • ပြည်ထောင်စု တရားသူကြီးချုပ်နှင့် အလားတူရာထူးတွင် အနည်းဆုံး ငါးနှစ် သို့မဟုတ် တိုင်းဒေသကြီး ပြည်နယ်အဆင့် တရားရေးအရာရှိ/ ဥပဒေချုပ်အဖြစ် အနည်းဆုံး ၁၀နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ။
  • ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူ။
  • သိက္ခာသမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြုံရင့်ကျက်သူ။
  • နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စရှိသူ။
  • ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဌာန်းချက်များနှင့် ငြိစွန်းခြင်း မရှိသူ။
  • နိုင်ငံရေးပါတီဝင် မဟုတ်သူ။
  • လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ။
  • လစာ၊ စရိတ်၊ ကြေးငွေရသော အခြားမည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုသူ။

တာဝန်နှင့် လုပ်ပိုင်ခွင့်များ

  • လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊ လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်း။
  • ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းစေခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း။
  • မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း။
  • မဲစာရင်းများပြုစုခြင်းနှင့် ပြုစုစေခြင်း၊ ပြင်ဆင်ခြင်းနှင့် ပြင်ဆင်စေခြင်း။
  • သဘာဝဘေးအန္တရာယ်နှင့် နယ်မြေလုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း။
  • လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာထုတ်ပေးခြင်း။
  • ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း။
  • ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ဒေသဦးစီးအဖွဲ့တွင် ရွေးချယ်ခံထားရသော ပုဂ္ဂိုလ်နှင့် ပတ်သက်၍ ကန့်ကွက်ချက်များရှိပါက စစ်ဆေးဆုံးဖြတ်ပေးနိုင်ရေးအတွက် ရွေးကောက်ပွဲခုံးအဖွဲ့များ ဖွဲ့စည်းခြင်း။
  • လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုကြောင်း သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံးတစ်ရာခိုင်နှုန်းတို့က ကော်မရှင်သို့တင်ပြလာလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၆ နှင့်အညီ စစ်ဆေးဆောင်ရွက်ခြင်း။
  • ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ရန်ပုံငွေခွဲဝေချထားခြင်း၊ အသုံးစရိတ်များကို ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း။
  • နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း။
  • ဥပဒေတစ်ရပ်ရပ်အရ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ခြင်း။

 

(STEP Democracy မှ ပြုစုရေးသားပါသည်။)