'Support to Electoral Processes and Democracy - STEP Democracy'

မဲဆန္ဒရှင် သိမှတ်ဖွယ်ရာ

မဲဆန္ဒရှင် သိမှတ်ဖွယ်ရာ

၁။ မဲပေးပိုင်ခွင့်ရှိသူများ

  • အသက် (၁၈) နှစ်ပြည်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ (နိုင်ငံရေးစီစစ်ရေးကဒ်/အမျိုးသား မှတ်ပုံတင်ကဒ်/နိုင်ငံသားပြုခွင့်ရကဒ်/ဧည့်နိုင်ငံသားကဒ်/လျှောက်ထားဆဲဖြစ်ကြောင်း လဝကထောက်ခံချက်ရရှိသူ)
  • သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင်ပါဝင်သူ

၂။ မဲပေးပိုင်ခွင့် မရှိသူများ

  • သာသနာ့ဝန်ထမ်းများ
  • ထောင်ဒဏ်ကျခံနေရသူများ
  • ဥပဒေအရ စိတ်ပေါ့သွပ်နေသည်ဟု သတ်မှတ်ခံရသူများ
  • လူမွဲအဖြစ် ဆုံးဖြတ်ကြေငြာခံထားရခြင်းမှ လွတ်မြှောက်ခွင့် မရသေးသူများ
  • နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ
  • ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်းခံထားရသူ

၃။ မဲဆန္ဒရှင်စာရင်း ပြုစုခြင်း

မဲဆန္ဒရှင် စာရင်းပြုစုခြင်းသည် ရွေးကောက်ပွဲများတွင် အရေးကြီးပြီး အခြေခံကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ အရည်အချင်းပြည့်မီသော မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရန် ပြုလုပ်ခြင်းသည် အားလုံးပါဝင်ပြီး ယုံကြည်နိုင်လောက်သော သော့ချက်တစ်ခုဖြစ်သည်။ ဤအချက်၏ ပထမအဆင့်သည် မဲပေးနိုင်သူများအားလုံး မဲစာရင်းတွင် ပါဝင်ရမည်ဖြစ်သည်။ ထို့ကြောင့် လွှမ်းခြုံပြည့်စုံပြီး မှန်ကန်သည့်မဲပေးသူများ စာရင်းတစ်ခု ရွေးကောက်ပွဲမတိုင်မီ ရရှိရန်မှာ မဲပေးသူများ အပါအဝင် သက်ဆိုင်သူများအားလုံး၏ တာဝန်တစ်ရပ်ပင်ဖြစ်သည်။

နိုင်ငံတကာတွင် မဲဆန္ဒရှင်စာရင်းရေးသွင်းခြင်းနှင့် ပတ်သက်၍ ပုံစံနှစ်မျိုးရှိပါသည်။ ယင်းတို့မှာ

(က) Active Registration - မဲပေးမည့် မဲဆန္ဒရှင်ကိုယ်တိုင်က မှတ်ပုံတင်ရမည့်နေရာသို့ သွားရောက်စာရင်းပေးသွင်းရသည့် စနစ်ဖြစ်သည်။

(ခ) Passive Registration - ရွေးကောက်ပွဲကို စီမံခန့်ခွဲပိုင်ခွင့်ရသည့် အဖွဲ့အစည်းမှ မဲပေးမည့် မဲဆန္ဒရှင်စာရင်းကို ကောက်ယူရေးသွင်း၍ မဲစာရင်းပြုစုရသည့် စနစ်ဖြစ်သည်။

  • မြန်မာနိုင်ငံတွင်ကျင့်သုံးသော မဲဆန္ဒရှင်စာရင်းရေးသွင်းခြင်းစနစ်သည် Passive Registration စနစ်ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဦးဆောင်၍ မဲစာရင်းအား ပြုစုဆောင်ရွက်ပေးခြင်းဖြစ်သည်။
  • မဲဆန္ဒရှင်များသည် ကိုယ်တိုင်မှတ်ပုံတင်ရန် မလိုအပ်ပါ။ ၎င်းတို့အနေဖြင့် ကော်မရှင်မှ ထုတ်ပြန်ထားသော မဲစာရင်းအား သွားရောက်ကြည့်ရှု့ရန် မှားယွင်းလျှင်၊ အမည်စာရင်းမပါလျှင်၊ သေဆုံးသူများ၏ အမည်များမဲစာရင်းတွင် ပါဝင်နေလျှင် ပြင်ဆင်ပယ်ဖျက်ရန် လျှောက်ထားနိုင်သည်။

မြန်မာနိုင်ငံ၏ မဲစာရင်း ပြုစုခြင်း

  • အခြေခံ မဲစာရင်းပြုစုခြင်း
  • မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ့တို့က ပြုစုရမည်။
  • ကော်မရှင်က သတ်မှတ်သော လူဦးရေစာရင်းပုံစံဇယားနှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပြုစုထားသည့် လူဦးရေစာရင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးက ပြုစုထားသည့် လူဦးရေ (မသန်စွမ်းသူများအပါအဝင်) စာရင်းတို့ကို ရယူအခြေခံပြီး ပြုစုရမည်။ (နည်း - ၅(က) )
  • လိုအပ်ပါက လက်ရှိမဲစာရင်းကို အခြေခံရယူ၍ ပြုစုနိုင်သည်။ (နည်း - ၅(ခ) )
  • ရွေးကောက်ပြွကျင်းပမည့်နေ့ရက်ကို ကော်မရှင်က ကြေညာပြီးနောက် ရပ်ကွက် (သို့) ကျေးရွးအုပ်စု ကော်မရှင်က သတ်မှတ်ထားသည့် အတိုင်းကြိုတင်၍ ကြေညာရမည်။

၄။ မဲစာရင်း စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်း/ဖြည့်စွက်ခြင်း/ကန့်ကွက်ခြင်း

  • ပုံစံ(၃) - မဲစာရင်းတွင် အမည်စာရင်းထည့်သွင်းပေးရန်တောင်းဆိုလွှာ (သန်းခေါင်စာရင်းရှိ)
  • ပုံစံ(၃-က) - မဲစာရင်းတွင် ထည့်သွင်းပေးပါရန် တောင်းဆိုလွှာ (သန်းခေါင်စာရင်းမရှိ)
  • ပုံစံ(၃-ခ) - မဲစာရင်းမှ အမည်စာရင်းပယ်ဖျက်ပေးရန် တောင်းဆိုလွှာ (ကော်မရှင်က ဆောင်ရွက်ရန်)
  • ပုံစံ(၄) - မဲစာရင်း စပ်လျဉ်းသည့် ကန့်ကွက်လွှာ (အခြားပိုနေသော အမည်စာရင်းများ ပါဝင်နေပါက ကန့်ကွက်ရန်)
  • ပုံစံ(၄-က) - အခြားဒေသတစ်ခုသို့ ပြောင်းရွေ့မည်ဖြစ်သဖြင့် မဲစာရင်းမှ အမည်ပယ်ဖျက်ပေးရန် တောင်းဆိုလွှာ
  • ပုံစံ (၄-ဂ) - မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ (မဲဆန္ဒရှင် အချက်အလက်မှားယွင်းနေပါက ပြင်ဆင်ရန်)

မှတ်ချက်။           ။ ပုံစံ(၃၊ ၄၊ ၄(ဂ) များကို မဲစာရင်း ထုတ်ပြန်ကြေငြာပြီးသည့်ရက်မှ (၁၄)ရက်အတွင်း ရပ်/ကျေး ကော်မရှင်ခွဲရုံးသို့ လျှောက်ထားရမည်။ ပုံစံများကို ရပ်ကွက်ကျေးရွာကော်မရှင်ရုံးမှ လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အင်တာနက်စာမျက်နှာ (www.uec.gov.mm) တွင်လည်းကောင်း ရယူနိုင်ပါသည်။

  • အနည်းဆုံး ရက်ပေါင်း (၉၀) ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက် အခြားမဲဆန္ဒရှင်များ မိမိတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးနိုင်ရန်အတွက်
  • ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာနယ်မြေရှိ လုပ်ငန်းတာဝန်ခံ၏ ထောက်ခံချက်ဖြင့်လည်းကောင်း
  • အလုပ်သမားဖြစ်ပါက သက်ဆိုင်ရာလုပ်ငန်းရှင် သို့မဟုတ် လုပ်ငန်းရှင် ကိုယ်စားလှယ်၏ ထောက်ခံချက်ဖြင့် လည်းကောင်း
  • အခြားပုဂ္ဂိုလ်ဖြစ်ပါက ကိုယ်တိုင်ဝန်ခံချက်ဖြင့်လည်းကောင်း လျှောက်ထားနိုင်သည်။

၅။ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်

  • ကမ္ဘာပေါ်ရှိ ရွေးကောက်ပွဲစနစ်များတွင် အများစုအနိုင်ရသည့်စနစ် (Majority System) အချိုးကျ ကိုယ်စားပြုသည့်စနစ် (Proportional Representation System) နှင့် ရောနှော ကျင့်သုံးသည့် စနစ် (Mixed System) ဟူ၍ သုံးမျိုးရှိသည်။
  • လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့်စနစ်မှာ နိုင်သူအကုန်ယူ သို့မဟုတ် မဲများသူအနိုင်ရသည့်စနစ် FPTP – (First Past the Post) System ဖြစ်ပါသည်။
  • နိုင်သူအကုန်ယူစနစ်တွင် ကိုယ်စားလှယ်လောင်းတစ်ဦးသည် အခြားတစ်ဦီးထက် မဲအသာရရုံဖြင့် အနိုင်ရသည့် စနစ်ဖြစ်သည်။

ပုံတွင် ဖော်ပြထားသည့်အတိုင်း မဲဆန္ဒနဘ်တစ်နယ်တွင် ကိုယ်စားလှယ်လောင်း (က) (ခ) (ဂ) သုံးဦးတို့သည် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံရာတွင် (က) = ၁၉ (ခ) = ၄၀ (ဂ) = ၄၁ ရရှိသည်ဆိုပါစို့။ အဆိုပါမဲဆန္ဒနယ်တွင် (ဂ) က (၄၁) မဲဖြင့် မဲအများဆုံးရရှိသည်။ ထို့ကြောင့် (ဂ) သည် အဆိုပါမဲဆန္ဒနယ်တွင် အနိုင်ရရှိသူ ဖြစ်သည်။

၆။ မဲဆန္ဒရှင် အခွင့်အရေးနှင့် တာဝန်များ

မဲဆန္ဒရှင်များ၏ အခွင့်အရေး

  • အသက် (၁၈) နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေနှင့် မဆန့်ကျင်သောနိုင်သား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူတိုင်းသည် ရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်သည်။
  • မဲစာရင်းနှင့်စပ်လျဉ်၍ အထက်ဖော်ပြပါပုံစံများနှင့် အညီပြင်ဆင်/ပယ်ဖျက်/ တောင်းဆိုနိုင်ရန် အခွင့်အရေးရှိသည်။
  • ကြိုတင်မဲပေးပိုင်ခွင့် ရှိသည်။
  • ဆန္ဒမဲ လက်မှတ်ပေါ်တွင် အစွန်းအထင်း အမှတ်အသားများပါနေလျှင် လဲလှယ်ရန် တောင်းဆိုပိုင်ခွင့်ရှိသည်။
  • ဆန္ဒမဲလက်မှတ်များ ရေတွက်နေခြင်းကို စောင့်ကြည့်ပိုင်ခွင့်ရှိသည်။
  • ပါတီတစ်ခုခု သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးမှ မိမိအား ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်၍ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ မဲဝယ်ရန်ကြိုးစားခြင်းများရှိလျှင် တရားမဲ့ပြုကျင့်မှု အဖြစ်ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်တန်းပိုင်ခွင့်ရှိသည်။

မဲဆန္ဒရှင်များ၏ တာဝန်များ

  • မဲစာရင်းတွင် မိမိ အမည်ပါ/မပါ သွားရောက်စစ်ဆေးခြင်း
  • ရွေးကောက်ခံကိုယ်စားလှယ်လောင်းများကို သိရှိအောင် ဆောင်ရွက်ခြင်း တို့ဖြစ်သည်။